တောင်ကိုရီးယားအစိုးရက Bitcoin ကဲ့သို့ Cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) ရောင်းဝယ်မှုတွေကို တားမြစ်ပိတ်ပင်သွားမယ့် ဥပဒေတစ်ရပ်ပြဌာန်းရန် စဉ်းစားနေကြောင်း သိရပါတယ်။

play


Cryptocurrency စနစ်တွေကို အစိုးရအနေနဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုရှိနေကြောင်း တောင်ကိုရီးယား တရားရေးဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

ထိုအတောအတွင်း ဆိုးလ်မြို့ရှိ Cryptocurrency အရောင်းအဝယ်ပြုလုပ်တဲ့ နေရာအချို့ကို ယခုသီတင်းပတ်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။ အခွန်တိမ်းရှောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ ထိုသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြာင်း သိရပါတယ်။

Cryptocurrency ဖြစ်တဲ့ Bitcoin ဈေးနှုန်းဟာ ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃,၈၀၀ ဖြစ်ပါတယ်။

play


တောင်ကိုရီးယားအစိုးရက Cryptocurrency အရောင်းအဝယ်နေရာတွေကို ဝင်ရောက်စီးနင်းမှုနဲ့ Bitcoin ဈေးနှုန်းကျဆင်းမှုဟာ တိုက်ရိုက် ဆက်စပ်နေဖွယ်မရှိဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက Cryptocurrency ဟာ အခွန်တိမ်းရှောင်မှုနဲ့ ပြည်သူတွေကြား လောင်းကစား အစွဲအလမ်း ဖြစ်စေနိုင်မှုတို့အပေါ် စိုးရိမ်ပူပန်နေပါတယ်။

သို့သော် Cryptocurrency ကို ပိုင်ဆိုင်ထားသူမှ အနည်းအကျဉ်းသာဖြစ်ပြီး ရောင်းဝယ်မှုလည်း နည်းပါးကြောင်းနဲ့ Cryptocurrency တန်ဖိုး အတက်အကျအပေါ် အလွန်အမင်း အာရုံစိုက်နေခြင်းဟာ အချည်းနှီးသာဖြစ်ကြောင်း အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။

Bitcoin တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်အတွင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ဝယ်လိုအားများစွာ ရှိလာခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video