AD
AD
AD

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အစိုးရက ဝန်ထမ်းတွေကို ပုံမှန်အလုပ်ချိန်အတိုင်း အလုပ်ဆင်းကြရန် တွန်းအားပေးမှု အစီအစဉ်သစ်အဖြစ် သောကြောနေ့တွေမှာ ၎င်းတို့ရဲ့ ကွန်ပျူတာများအား ည ၈ နာရီအချိန် ပိတ်ကြရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play


ယခုဆောင်ရွက်ရွက်မှုဟာ အချိန်ပိုအလုပ်လုပ်တဲ့ အလေ့အထကို ရပ်တန့်ရန်ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ အလုပ်အချိန်အရှည်ကြာဆုံး နိုင်ငံအချို့အနက် ပါဝင်ပါတယ်။

တောင်ကိုရီးယား အစိုးရဝန်ထမ်းတွေက တစ်နှစ်လျှင် ပျမ်းမျှအလုပ်ချိန် ၂,၇၃၉ နာရီ အလုပ်လုပ်ကြပြီး အခြား ဖွံ့ဖြိုးပြီးနိုင်တွေမှာထက် နာရီ ၁,၀၀၀ ကျော် ပိုများကြောင်း သိရပါတယ်။

ဝန်ထမ်းတွေကို သတ်မှတ်ချိန်အတိုင်း ကွန်ပျူတာပိတ်ခိုင်းစေတဲ့ အစီအစဉ်ကို ဆိုးလ်မြို့တော်အစိုးရဌာန (Seoul Metropolitan Government -SMG) မှာ လာမယ့်သုံးလအတွင်း အဆင့်သုံးဆင့်ဖြင့် စတင်ကျင့်သုံးသွားစေမယ်လို့ ဆိုပါတယ်။

play


ယခုအစီအစဉ်ကို လာမယ့် မတ်လ ၃၀ ရက်၊ သောကြာနေ့မှာ စတင်သွားမှာဖြစ်ပြီး ထိုနေ့ ည ၈ နာရီမှာ ကွန်ပျူတာအားလုံးကို ပိတ်မှာဖြစ်ပါတယ်။ အစီအစဉ်ရဲ့ ဒုတိယအဆင့်ကိုတော့ ဧပြီလအတွင်း စတင်သွားမှာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ ကွန်ပျူတာတွေကို ထိုလရဲ့ ဒုတိယနဲ့ စတုတ္တမြောက် သောကြောနေ့တွေမှာ ည ၇ နာရီခွဲမှာ ပိတ်ရမှာဖြစ်ပါတယ်။

ထို့နောက် မေလမှစပြီး ဝန်ထမ်းကွန်ပျူတာအားလုံးကို သောကြာနေ့တိုင်းမှာ ည ၇ နာရီအချိန် ပိတ်ရမယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဆိုးလ်မြို့တော်အစိုးရဌာနရဲ့ ထုတ်ပြန်ချက်အရ အထူးကိစ္စရပ်တွေ ဆောင်ရွက်နေမှုမှလွဲပြီး ဝန်ထမ်းအားလုံးဟာ ကွန်ပျူတာတွေ ပိတ်ရမယ်လို့ သိရပါတယ်။

play


သို့သော် အစိုးရဝန်ထမ်းအားလုံးဟာ ယခု အစီအစဉ်မှာ အကျုးဝင်မှာမဟုတ်ကြောင်းနဲ့ SMG ရဲ့ အဆိုအရ အစိုးရဝန်ထမ်း ၆၇.၁ ရာခိုင်နှုန်းက သတ်မှတ်ချိန်အတိုင်း ကွန်ပျူတာပိတ်ကာ အလုပ်ဆင်းရမယ့် ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုရန် ပြောထားကြတယ်လို့ သိရပါတယ်။

ယခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားလွှတ်တော် အစည်းအဝေးမှာလည်း တစ်ပတ်အလုပ်လုပ်ချိန်ကို ၆၈ နာရီမှ ၅၂ နာရီသို့ လျှော့ချသွားမယ့် ဥပဒေကို အတည်ပြုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD