AD
AD
AD

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှုနဲ့ အကျပ်ကိုင်မှုအပါအဝင် စွဲချက်များဖြင့် သောကြာနေ့ (ဧပြီ ၆ ရက်) မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါတယ်။

play
ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရသည့် ပတ်ဂွမ်ဟေး


ပတ်ဂွမ်ဟေးဟာ စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုရဲ့ အကြီးအကဲများ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အဂတိလိုက်စားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ယမန်နှစ်အတွင်း ရာထူးမှဖယ်ရှားခံရတဲ့ တောင်ကိုရီးယားရဲ့ ပထဆုံး ဒီမိုကရေစီနည်လမ်းဖြင့် ရွေးကောက်ခံရတဲ့ သမ္မတလည်းဖြစ်ပါတယ်။

play
ပတ်ဂွမ်ဟေးကို ထောက်ခံသူတစ်ဦး ဆန္ဒပြနေစဉ်


ဒါ့အပြင် သူမဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ခဲ့ပါတယ်။ တရားရုံးက သမ္မတဟောင်းပတ်ဂွမ်ဟေးကို ထောင်ဒဏ်အပြင် ကိုရီးယားဝမ်ငွေ ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၉ သန်း) ပေးဆောင်ရန်လည်း ငွေဒဏ်တပ်ခဲ့ပါတယ်။

play
ပတ်ဂွမ်ဟေးရဲ့ သူငယ်ချင်း ချိုဆွန်ဆေးလ်


တရားရုံးက ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်တဲ့ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး ဆမ်ဆောင်းနဲ့ Lotte အပါအဝင် နာမည်ကြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများထံမှ ကိုရီးယားဝမ်ငွေ ၂၃.၁ ဘီလီယံ လက်ခံရယူခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

အစိုးရရှေ့နေတွေက သမ္မတဟောင်း ပတ်ဂွမ်ဟေးကို ထောင်ဒဏ် နှစ် ၃၀ နဲ့ ကိုရီးယားဝမ်ငွေ ၁၁၈.၅ သန်း ဒဏ်ရိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ် ပတ်ဂွမ်ဟေးဟာ ယမန်နှစ် မတ် ၃၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေခဲ့ရပါတယ်။

play
ပတ်ဂွမ်ဟေးကို ထောက်ခံသူများ ဆန္ဒပြနေစဉ်


ပတ်ဂွမ်ဟေးက သူမအပေါ် စွဲချက်တွေကို မည်သည့်အမှားမျှ လုပ်ဆောင်ထားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားခဲ့ပြီး တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တရားသူကြီးက ပတ်ဂွမ်ဟေးဟာ နောင်တရပုံမရှိကြောင်းနဲ့ ချိုဆွန်ဆေးလ်နဲ့ သူမရဲ့ လက်ထောက်အရာရှိများအပေါ် အပြစ်ပုံချရန် ကြိုးပမ်းခဲ့ကြောင်း ပြောပါတယ်။

အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့တဲ့ ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေးဟာ တာင်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်သူ ပတ်ချွန်ဟီးရဲ့ သမီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD