AD
AD
AD

ဗြိတိန်နိုင်ငံ တေင်ပိုင်းဒေသတွေမှာ မိုးသက်မုန်တိုင်းကျပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လျှပ်စီးလက် မိုးကြိုးပစ်မှုတွေ အံ့အားသင့်ဖွယ် အလွန်များပြားစွာ ကြုံခဲ့ရကြောင်း သိရပါတယ်။

play


ယမန်နေ့ (မေလ ၂၆ ရက်) ညပိုင်းက လေးနာရီအတွင်း လျှပ်စီးလက်ပြီး မိုးကြိုးပစ်မှု အကြိမ် ၁၅,၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း BBC Weather က ပြောပါတယ်။ Stansted လေဆိပ်မှာ မိုးကြိုးပစ်မှုကြောင့် လေယာဉ်ဆီဖြည့်စနစ် ချို့ယွင်းသွားခဲ့ပြီး ယနေ့ (မေလ ၂၇ ရက်) မနက်ပိုင်း လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။

play


ဗြိတိန်မိုးလေဝသဌာန Met Office က ဝေးလ်နဲ့ အင်္ဂလန်ရှိ နေရာဒေသအများစုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်တာကြောင့် အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

play


ယနေ့ မနက်အစောပိုင်းက အင်္ဂလန်အရှေ့တောင်ပိုင်း Essex ဒေသ Stanway ရှိ နေအိမ်တစ်အိမ်မှ မီးသတ်တပ်ဖွဲ့ထံ ၎င်းတို့နေအိမ်ခေါင်မိုး မိုးကြိုးပစ်ချခံရမှုကြောင့် မီးလောင်မှုဖြစ်ခဲ့ကြောင်း သတင်းပို့အကူအညီ တောင်းခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

play


ယနေ့ မနက်ပိုင်းမှာ ဝေးလ်နဲ့ မစ်ဒ်လန်းစ်ရှိ နေရာဒေသတွေမှာ တစ်နာရီအတွင်း မိုးရေချိန်တစ်လက်မအထိ ရွာသွန်းခဲ့ကြောင်းလည်း သိရပါတယ်။ ဝေးလ်ရဲ့ နေရာဒေသများ၊ အင်္ဂလန်အလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာ ယနေ့နဲ့ မနက်ဖြန် (မေလ ၂၈ ရက်) နှစ်ရက်လုံး မိုးသက်မုန်တိုင်းများ နောက်ထပ် ကြုံတွေ့ရနိုင်ကြောင်း Met Office က သတိပေးထားပါတယ်။

play


ရာသီဥတုအခြေအနေကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ရထားနဲ့ဘတ်စ်ကား နှောင့်နှေးမှုတွေ ကြုံရနိုင်ကြောင်းလည်း Met Office က ပြောထားပါတယ်။ စနေနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ ကောင်းကင်ယံတစ်ဝှမ်း လျှပ်စီးကြောင်းများကို လူအများအပြားက ဓာတ်ပုံရိုက်ခဲ့ကြပြီး အံ့သြတကြီး ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD