International News: Star Wars စမတ်ဖုန်းများ ဂျပန်မှာမိတ်ဆက်မည်

Dark Side နဲ့ Light Side ဆိုပြီး နှစ်မျိုးထုတ်လုပ်မှာပါ။

play

ရုပ်ရှင်နယ်ပယ်ထဲမှာ အောင်မြင်မှုကြီးမားတဲ့ Star Wars ဟာ စမတ်ဖုန်းနယ်ပယ်ကိုပါ ဖြန့်ကျက်လိုက်ပါတယ်။ Star Wars ဇာတ်ကောင်တွေအသွင်နဲ့ ထွက်ရှိခဲ့တဲ့ အရုပ်နဲ့ အသုံးအဆောင်တွေအပြင် ယနေ့ခေတ်လူသားတွေရဲ့ အရေးပါတဲ့အသုံးဆောင်ဖြစ်တဲ့ စမတ်ဖုန်းအနေနဲ့ပါ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဂျပန်မှာ စတင်မိတ်ဆက်မယ်လို့ သိရပါတယ်။

ဂျပန်ရဲ့ မိုဘိုင်းလ်အော်ပရေတာ SoftBank နဲ့ လက်တွဲထုတ်လုပ်မယ့် Star Wars စမတ်ဖုန်းတွေဟာ Dark Side နဲ့ Light Side ဆိုပြီး ထုတ်လုပ်မှာပါ။ မျက်နှာပြင် ၅.၃ လက်မ၊ Snapdragon 820 processor နဲ့ ကင်မရာက 22.6 MP ရှိမယ်လို့သိရပါတယ်။ 3GB RAM နဲ့ 32GB သိုလှောင်နိုင်မှာဖြစ်ကာ SD ကတ် ထပ်မံစိုက်နိုင်မှာဖြစ်ပါတယ်။ 

play

 

Star Wars အက်ပလီကေးရှင်းထည့်သွင်းပေးထားမှာဖြစ်လို့ The Force Awakens ကို ၂၀၂၀ ခုနှစ်အထိ အခမဲ့တိုက်ရိုက်ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

Source : TNW

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ