AD
AD
AD

ဗြိတိန်နိုင်ငံသား ကမ္ဘာကျော် ရူပဗေဒသိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းရဲ့မိသားစု ပြောခွင့်ရအမျိုးသားက ABC News သတင်းဌာနကို ပြောပါတယ်။

ယနေ့ (မတ်လ ၁၄ ရက်) မနက်အစောပိုင်းက ကမ်းဘရစ်ခ်ျမြို့ နေအိမ်မှာ စတီဖင်ဟော့ကင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

play


'ကျွန်တော်တို့ရဲ့ သိပ်ချစ်ရတဲ့ဖခင် ဒီနေ့ ကွယ်လွန်သွားပြီ၊ ကျွန်တော်တို့ အလွန်ဝမ်းနည်းရပါတယ်၊ သူက ကြီးမြတ်တဲ့ သိပ္ပံပညာရှင်ဖြစ်ပြီး သာမန်ထက်ထူးခြားတဲ့ အမျိုးသားတစ်ဦးပါ၊ သူ့ အလုပ်နဲ့ နောင်လာနောက်သားတွေအတွက် သူထားရစ်ခဲ့တဲ့ အမွေအနှစ်က နောက်ထပ်နှစ်အများအပြား အကျိုးပြုနေပါမယ်။

သူ့ရဲ့ ရဲရင့်မှုနဲ့ မဆုတ်မနစ် ကြိုးပမ်းမှု၊ ထူးချွန်ထက်မြက်မှုနဲ့ စိတ်ထားတို့က ကမ္ဘာတစ်ဝှမ်းမှ လူတွေအတွက် အတုယူစရာ ဖြစ်ခဲ့ရပါတယ်။

play


သူက တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်၊ တစ်ကယ်လို့ ဒီစကြဝဋ္ဌာကြီးဟာ သင်ချစ်တဲ့ လူတွေအတွက် ခိုလှုံနေထိုင်ရာနေရာ မဟုတ်ခဲ့ရင် ဘာမှမဟုတ်ပါဘူးလို့ပေါ၊ ကျွန်တော်တို့ သူ့ကို အမြဲတမ်း လွမ်းဆွတ်သတိရနေမှာပါ' လို့ စတီဖင်ဟော့ကင်းမိသားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play


စတီဖင်ဟော့ကင်းဟာ အိမ်ထောင်နှစ်ဆက် ကျခဲ့ဖူးပြီး သားသမီး သုံးဦးရှိပါတယ်။ အသက် ၂၁ နှစ်ကျော်အရွယ်မှာ စတင်သိရှိခဲ့ရတဲ့ သူ့ရဲ့ ရောဂါဆိုးကြောင့် လမ်းလျှောက်သွားလာနိုင်ခြင်း၊ စာရေးခြင်းနဲ့ စကားပြောဆိုနိုင်ခြင်း မပြုလုပ်နိုင်တော့ပေမဲ ဘဝတလျှောက်လုံး သာမန်လူတွေနဲ့ မခြားဘူးဆိုတဲ့ ခံယူချက်နဲ့ ရှင်သန်နေထိုင်ရန် ကြိုးစားခဲ့တယ်လို့ ၎င်းက ပြောခဲ့ဖူးပါတယ်။

စတီဖင်ဟော့ကင်း (Stephen Hawking)

- ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မှာ မွေးဖွားခဲ့ပါတယ်။

- ၁၉၅၉ ခုနှစ်မှာ သဘာဝသိပ္ပံပညာရပ်ဖြင့် အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့ပါတယ်။ ထို့နောက် ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ (PhD) ယူရန် ပညာသင်ကြားခဲ့ပါတယ်။

- ၁၉၆၃ ခုနှစ်မှာ motor neurone ရောဂါဖြစ်နေကြောင်း စစ်ဆေးသိရှိခဲ့ရပြီး ၂ နှစ်သာ အသက်ရှင်နိုင်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။

play


- အာကာသ တွင်းနက်ကြီးနဲ့ ပတ်သက်ပြီး ၁၉၇၄ ခုနှစ်မှာ အီအိုရီထုတ်ဖော်ခဲ့ပါတယ်။ တွင်းနက်တွေက 'ဟော့ကင်းဓာတ်ရောင်ခြည်' ထုတ်လွှတ်မှုလို့ ဆိုပါတယ်။

- ၁၉၈၈ ခုနှစ်မှာ 'Brief History of Time' အမည်ရှိ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ရာ အုပ်ရေ ၁၀ သန်းကျော် ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် နက္ခတ်ဗေဒပညာ၊ သင်္ချာပညာနဲ့ အခြား သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် အများအပြားကိုလည်း ရေးသားခဲ့ပါတယ်။

- စတီဖင်ဟော့ကင်ရဲ့အကြောင်းကို ၂၀၁၄ ခုနှစ်မှာ The Theory of Everything အမည်ဖြင့် ရုပ်ရှပ်ဇာတ်ကားရိုက်ကူးခဲ့ပြီး မင်းသား အက်ဒီရက်ဒ်မေနီက စတီဖင်ဟော့ကင်းအဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။

ဆက်စပ်သတင်း - စတီဖင်ဟော့ကင်း သို့မဟုတ် ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ဘဝကောက်ကြောင်း

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD