AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့မှာ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို မိသားစုတစ်ခုက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ (မေလ ၁၄ ရက်) မှာလည်း ရဲတပ်ဖွဲ့ဌာနချုပ်ကို မိသားစုတစ်ခုကပင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play
ဆူရာဘယာ ရဲတပ်ဖွဲ့ဌာနချုပ်အနီး မြင်ကွင်း


အဆိုပါ မိသားစုက မော်တော်ဆိုင်ကယ်နှစ်စီး အသုံးပြုပြီး ဆူရာဘာယာမြို့ ရဲတပ်ဖွဲ့ဌာနချုပ် ဂိတ်ပေါက်ဝမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အသေခံဗုံးခွဲသူ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်းနဲ့ ဆိုင်ကယ်တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Postby


အသေခံဗုံးပေါက်ကွဲမှုအတွင်း ရဲအရာရှိလေးဦး အပါအဝင် လူ ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ယနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၀ မိနစ်မှာ ရဲစခန်းကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ဌာနချုပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကက စီစဉ်လုပ်ဆောင်စေခဲ့ကြောင်း SITE စောင့်ကြည့်အုပ်စုက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play
အသေခံဗုံးခွဲမှုဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့ဌာနချုပ်နေရာ


ခရစ်ယာန်ဘုရားကျောင်းသုံးခု အသေခံဗုံးပေါက်ကွဲမှု

ယမန်နေ့ (မေလ ၁၃ ရက်) ကလည်း ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းသုံးခုမှာ မိသားစုတစ်ခုမှ မိဘနှစ်ဦးနဲ့ သားသမီးလေးဦးတို့က အသေခံ ဗုံးခွဲခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ မိသားစုဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးတဲ့ အင်ဒိုနီးရှားအစွန်းရောက်အုပ်စု Jamaah Ansharut Daulah (JAD) နဲ့ ဆက်နွယ်နေကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာနာဗီယန်က ပြောခဲ့ပါတယ်။

play
ရဲစခန်းမှာ အသေခံဗုံးပေါက်ကွဲအပြီး မြင်ကွင်း


ဆူရာဘယာ ခရစ်ယာန်ဘုရားကျောင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့ စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ဆိုပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယခု အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ သူရဲဘောကြောင်ပြီး သိက္ခာမဲ့ကာ လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချပြောကြားခဲ့ပါတယ်။

play
ဆူရာဘာယာမြို့ ရဲတပ်ဖွဲ့ဌာနချုပ် အပြင်ဘက်မှာတွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ


အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ဘုရားကျောင်းသုံးခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ အင်ဒိုနီးရှားမှာ နှစ်အတန်ကြာအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုသုံးခုဟာ ၁၀ မိနစ်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းနဲ့ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာဖြစ်တယ်လို့ သိရပါတယ်။

ဆူရာဘာယာမြို့အနီး တိုက်ခန်းတစ်ခန်းမှာ ဗုံးပေါက်ကွဲမှု

ဒါ့အပြင် ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာလည်း ဆူရာဘာယာမြို့နဲ့ ၁၉ မိုင်နီးပါးအကွာရှိ တိုက်ခန်းတစ်ခန်းမှာ နောက်ထပ် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ မိသားစုတစ်ခုမှ လူသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
ခရစ်ယာန်ဘုရားကျောင်းမှာ မေ ၁၃ ရက်က အသေခံဗုံးပေါက်ကွဲခဲ့မှု


အဆိုပါတိုက်ခန်းရှိ မိသားစုမှ မိခင်နဲ့ သားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲရန် သယ်ဆောင်လာတဲ့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုအတွင်း အခြား ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD