AD
AD
AD

အမေရိကန် တရားရုံးချုပ်က ထောင်ဒဏ် ၂၄၁ နှစ် ချမှတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ အယူခံကိုပယ်ချပြီး ပြစ်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။ အဆိုပါ အမျိုးသားဟာ ၎င်းရဲ့အသက် ၁၆ နှစ်အရွယ်မှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play
ထောင်ဒဏ် ၂၄၁ နှစ် ချမှတ်ခဲ့ရသည့် ဘော်ဘီဘော့စ်တစ်


ဘော်ဘီဘော့စ်တစ် အမည်ရှိ အမျိုးသားဟာ ၁၉၉၅ ခုနှစ်က လက်နက်ကိုင်လုယက်မှု အပါအဝင် အကြမ်းဖက်ပြစ်မှုအချို့ ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။ သို့သော် ဘော့စ်တစ်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိကြောင်း ၎င်းရဲ့ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။

ဘော့စ်တစ်ရဲ့ရှေ့နေတွေက ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းပြီး ပုံမှန်မဟုတ်ကြောင်းဖြင့် အယူခံဝင်ကာ အမှုကိုပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့ကြပေမဲ့ တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ အယူခံကိုပယ်ချရတဲ့ အကြောင်းရင်းကိုတော့ ပြောကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဘော့စ်တစ်က ဆယ်ကျော်သက်အရွယ် ခရစ္စမတ်ကာလတစ်ခုမှာ သေနတ်ထောက်လုယက်မှု ကျူးလွန်ခဲ့ပြီး အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့ကာ ကားတစ်စီးခိုးယူခဲ့ကြောင်း သိရပါတယ်။

play
ထောင်ဒဏ် ၂၄၁ နှစ် ချမှတ်ခဲ့ရသည့် ဘော်ဘီဘော့စ်တစ်


၎င်းရဲ့ရှေ့နေတွေက ဘော့စ်တစ်အနေနဲ့ အသက် ၁၆ နှစ်အရွယ်မှာ လူသတ်မှုမဟုတ်တဲ့ ပြစ်မှုကျူးလွန်ခဲ့မှုအတွက် ချမှတ်ခံရတဲ့ ပြစ်ဒဏ်ဟာ မျှတမှုမရှိကြောင်းလည်း ထောက်ပြခဲ့ကြပါတယ်။

ဘော့စ်တစ်ရဲ့အမှုကို ၁၉၉၇ ခုနှစ် ၎င်းရဲ့အသက် ၁၈ နှစ်အရွယ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဘော့ဘီကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး အေ့ဗ်လင်ဘိတ်ကာဟာ တရားသူကြီးအဖြစ် ၂၅ နှစ်ကြာ ဆောင်ရွက်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်မှာ အငြိမ်းစားယူခဲ့ကြောင်းလည်း သိရပါတယ်။

ဘော့စ်တစ်ရဲ့ပြစ်မှုအတွက် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ သူမရဲ့ တရားသူကြီးသက်တမ်းမှာ နှစ်အများဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း အေ့ဗ်လင်က ပြောခဲ့ပါတယ်။ ဘော့စ်တစ်ရဲ့ အယူခံကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး ပြစ်ဒဏ်ကိုအတည်ပြုလိုက်မှုကြောင့် ၎င်းဟာ အသက် ၁၁၂ နှစ်အထိ အကျဉ်းကျခံရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD