AD
AD
AD

အမေရိကန်နိုင်ငံတစ်ဝှမ်း မုန်ညင်းတွေမှာ အီးကိုလိုင် (E. coli) ဘက်တီးရီးယား ပျံ့နှံ့ပါဝင်နေမှုဟာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း နှစ်ဆမြင့်တက်ခဲ့ပြီး ပြည်နယ် ၂၂ ခုမှာ အဆိုပါ မသန့်ရှင်းတဲ့ မုန်ညင်းစားပြီး နေမကောင်းဖြစ်သူ ၉၈ ဦးရှိခဲ့ကြောင်း အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ယနေ့ (ဧပြီ ၂၈ ရက်) ပြောပါတယ်။

play


အီးကိုလိုင်ပျံ့နှံ့ပါဝင်နေတဲ့ မုန်ညင်းစားမိတာကြောင့် သေဆုံးခဲ့သူ မရှိပေမဲ့ လူ ၄၆ ဦး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံတက်ခဲ့သူတွေအနက် ၁၀ ဦးဟာ ကျောက်ကပ်အလုပ်မလုပ်နိုင်မှုကို ခံစားနေရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။ ယခုဖြစ်ပွားနေတဲ့ အီးကိုလိုင်ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ အများဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

play


၂၀၀၆ ခုနှစ်က အမေရိကန်တစ်ဝှမ်း အီးကိုလိုင်ပျံ့နှံ့ပါဝင်တဲ့ ဟင်းနုနွယ်ရွက်စားသုံးခဲ့သူ ၂၀၀ ကျော် နေမကောင်းဖြစ်ခဲ့ကြပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အာရီဇိုနားပြည်နယ် ယူမာမြို့မှာ စိုက်ပျိုးထားတဲ့ မုန်ညင်းဖြူတွေကို စားသုံးခြင်းမပြုကြရန် သတိပေးထားပါတယ်။

မုန်ညင်းတွေမှာ အီးကိုလိုင်ဗိုင်းရပ်စ် ပျံ့နှံ့ပါဝင်မှု စတင်ဖြစ်ပွားမှုကို စစ်ဆေးနေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လက်ရှိမှာ ကျွမ်းကျင်သူတွေက အာရီဇိုးနားပြည်နယ် ယူမာမြို့ရှိ Harrison Farm စိုက်ပျိုးရေးခြံမှ စိုက်ပျိုးထွက်ရှိတဲ့ မုန်ညင်းတွေမှာ အီးကိုလိုင်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

play


ကျွမ်းကျင်သူတွေက အဆိုပါ စိုက်ပျိုးရေးခြံ တည်ရှိရာဧရိယာအတွင်း အခြား စိုက်ပျိုးရေးခြံ နှစ်ဒါဇင်မှာလည်း စစ်ဆေးနေကြောင်း သိရပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေအရ မုန်ညင်းတွေမှာ ပါဝင်နေတဲ့ E. coli O157:H7 ကနေ Shiga-toxin ခေါ် အဆိပ်အတောက်တစ်မျိုး ထွက်ရှိလာကြောင်း တွေ့ရပါတယ်။

အဆိုပါ အဆိပ်အတောက်က လူတွေကို နေမကောင်းဖြစ်စေပြီး ဆေးရုံတက်ကုသမှု ခံယူခဲ့ရကြောင်း ရောဂါထိန်းချုပ်ရေးဌာနက ပြောခဲ့ပါတယ်။ အီးကိုလိုင်ဗိုင်းရပ်စ်ကြောင့် သုံးရက်မှ လေးရက်ကြာ နေမကောင်းဖြစ်စေနိုင်ပါတယ်။ အီးကိုလိုင်ကူးစက်ခံရပါက အများအားဖြင့် ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အော့အန်ခြင်း လက္ခဏများ ခံစားရလေ့ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD