AD
AD
AD

ထိုင်ဝမ်တရားရုံးက သမ္မတဟောင်း မာရင်ဂျောင်းကို နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ထောင်ဒဏ်လေးလ ချမှတ်လိုက်ကြောင်း သိရပါတယ်။ ၎င်းကို အဆိုပါ အမှုကိစ္စဖြင့် ယမန်နှစ် မတ်လအတွင်း စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။

play
ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျောင်း


သမ္မတဟောင်းမာရင်ဂျောင်း (Ma Ying-jeou) ကတော့ ယနေ့ (မေလ ၁၅ ရက်) ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို အယူခံဝင်သွားမှာဖြစ်ပြီး ဒဏ်ကြေးငွေပေးဆောင်ခြင်းဖြင့် ထောင်ဒဏ်ကျခံရမှုကို ရှောင်လွှဲနိုင်မယ်လို့ ပြောခဲ့ပါတယ်။ မာရင်ဂျောင်းဟာ ၂၀၁၆ ခုနှစ်မှာ သမ္မတသက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် တရားစွဲဆိုမှုများ ဆက်တိုက် ကြုံနေခဲ့ရပြီး ယခုအမှုဟာ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမှုလည်းဖြစ်ပါတယ်။

ယခု အမှုနဲ့ပတ်သက်ပြီး မာရင်ဂျောင်းဟာ အပြစ်မရှိကြောင်း အောက်တရားရုံးတစ်ရုံးက စီရင်ချက်ချမှတ်ခဲ့မှုကို ထိုင်ဝမ်တရားရုံးချုပ်က ပယ်ဖျက်ခဲ့ကြောင်းလည်း သိရပါတယ်။ "မာရင်ဂျောင်းက ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေ ဥပဒေကို ချိုးဖောက်ခဲ့တယ်" လို့ တရားရုံးချုပ်က ပြောခဲ့ပါတယ်။

play
လက်ရှိ ထိုင်ဝမ် အမျိုးသမီးသမ္မတ ဆိုင်အင်ဝမ်


မာရင်ဂျောင်းဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အတိုက်အခံ လွှတ်တော်အမတ် Ker Chien-ming နဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မာရင်ဂျောင်းကို ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အစား ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၁၂၀,၀၀၀ (မြန်မာငွေ ၅၃ သိန်းကျော်) ပေးဆောင်နိုင်ကြောင်းလည်း တရားရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်း မာရင်ဂျောင်းကတော့ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ထိုင်ဝမ်မီဒီယာတွေကို ပြောခဲ့ပါတယ်။ "ဒီအမှုကိစ္စက အခြေခံဥပဒေဆိုင်ရာ အမှုဖြစ်ပါတယ်၊ ကျွန်တော် တရားရင်ဆိုင်နေတာက ကျွန်တော့်အခွင့်အရေးအတွက်သာ မဟုတ်ပါဘူး၊ ထိုင်ဝမ်ရဲ့ အနာဂတ်သမ္မတတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန်သတ့်မထားသင့်ဘူးဆိုတာနဲ့လည်း သက်ဆိုင်နေပါတယ်" လို့ ၎င်းက ဆိုပါတယ်။

play
ထိုင်ဝမ်တရားရုံး


"ဒါကြောင့် ဒီပြဿနာကို ကျွန်တော် ဖြေရှင်းဖို့ သေချာပေါက်လိုအပ်ပါတယ်၊ ကျွန်တော် သေချာပေါက် အယူခံဝင်သွားပါမယ်" လို့ ထိုင်ဝမ်သမ္မတဟောင်းက မီဒီယာတွေကို ပြောပါတယ်။

မာရင်ဂျောင်းဟာ ထိုင်ဝမ်သမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာတော့ မာရင်ဂျောင်းရဲ့ ကူမင်တန် (Kuomintang) ပါတီက ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (Democratic Progressive Party - DPP) ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD