အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့လုပ်ရပ်ကို လက်တုံ့ပြန်မယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း သိရပါတယ်။

play
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဂျာဗက်ဒ်ဇာရစ်ဖ်


အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဂျာဗက်ဒ်ဇာရစ်ဖ်က ယနေ့ (ဇန်နဝါရီ ၁၃ ရက်) ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မည်ကဲ့သို့ တုံ့ပြန်သွားဆိုတာကိုတော့ ထည့်သွင်းပြောခဲ့ခြင်း မရှိဘူးပါဘူး။

သမ္မတထရန့်အစိုးရက အီရန်တရားစီရင်ရေး အကြီးအကဲ အယာတိုလာ ဆာဒက်အမ်မိုလီ လာရီဂျန်နီကို အရေးယူပိတ်ဆို့မှု ချမှတ်ခြင်းကို အီရန်အစိုးရက ဒေါသထွက်နေပါတယ်။

ဒါ့အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ နျူကလီးယားသဘောတူညီမှု ပြင်ဆင်ရေးကိုလည်း အီရန်က ပယ်ချလိုက်ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


အမေရိကန်အစိုးရက အီရန်နိုင်ငံမှ လူပုဂ္ဂိုလ် ၁၄ ဦးအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပါတယ်။

အမေရိကန်သမ္မတ ထရန့်က ၂၀၁၅ ခုနှစ်မှာ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ ချုပ်ဆိုခဲ့တဲ့ နျူကလီးယားအရေး သဘောတူညီမှုကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

သမ္မတထရန့်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နျူကလီးယားအရေး သဘောတူညီချက်ကို ပြင်ဆင်ရန်အတွက် ဥရောပနဲ့ အမေရိကန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

play
အီရန်ရဲ့ နျူကလီးယားဆိုင်ရာ နေရာပြမြေပုံ


အမေရိကန်အစိုးရက နျူကလီးယားသဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ အီရန်ရဲ့ ယူရေနီယံ သန့်စင်ပိုင်ဆိုင်မှုကို အမြဲတမ်း ကန့်သတ်မှုများ ချမှတ်သွားရေး သဘောတူညီကြရန် လိုလားနေပါတယ်။ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကိုလည်း ထုတ်ဖော်ပြောရန်လည်း အမေရိကန်သမ္မတထရန့်က လိုလားနေကြောင်း သိရပါတယ်။

ထိုအတောအတွင်း အီရန်နျူကလီးယားအရေး သဘောတူညီမှုကနေ အမေရိကန် နုတ်ထွက်ခြင်းဟာ ကြီးမားတဲ့ အမှားတစ်ရပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းနဲ့ မော်စကိုအနေနဲ့ သမိုင်းဝင် သဘောတူညီမှုကို အသက်ဝင်နေစေရန် အားစိုက်ဆောင်ရွက်သွားမယ်လို့ ရုရှားနိုင်ငံက ယနေ့ (ဇန်နဝါရီ ၁၃ ရက်) ပြောပါတယ်။

အီရန်နျူကလီးယားအရေး သဘောတူညီချက်ကို အီရန်နဲ့ အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ဥရောပသမဂ္ဂတို့ လက်မှတ်ရေးထိုးထားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video