AD
AD
AD

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပါဆယ်ဗုံး ဆက်တိုက်ပေါက်ကွဲမှုတွေကို စီစဉ်လုပ်ဆောင်ခဲ့သူအဖြစ် သံသယရှိသူ အမျိုးသားက ကိုယ့်ကိုယ်ကိုယ် အသေခံဖောက်ခွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
ပါဆယ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူ မာ့ခ်အန်သိုနီကွန်ဒစ်


အမေရိကန် မီဒီယာတွေမှာ ဖော်ပြထားမှုအရ ပါဆယ်ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်နွယ်နေတဲ့ အမျိုးသားဟာ အသက် ၂၃ နှစ်အရွယ် မာ့ခ်အန်သိုနီကွန်ဒစ်တ် အမည်ရှိသူဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့

မတ်လ ၂၁ ရက် ဒေသစံတော်ချိန် အစောပိုင်းက ကအော်စတင်မြို့ မြောက်ဘက်ရှိ ရောင်းရော့ခ်မြို့ (Round Rock) မြို့မှာ အဆိုပါ အမျိုးသားရဲ့ကားကို ရှာဖွေစစ်ဆေးရန် ရဲတပ်ဖွဲ့အရာရှိတွေက ချဉ်းကပ်လာစဉ် အသေခံဖောက်ခွဲသွားခဲ့တာ ဖြစ်ပါတယ်။

play


ပါဆယ်ဗုံးများ ဖောက်ခွဲခဲ့သူအဖြစ် သံသယရှိတဲ့ အမျိုးသားဟာ အော်စတင်မြို့နဲ့ မိုင် ၂၀ အကွာရှိ နေအိမ်တစ်အိမ်မှာ စပ်တူငှါရမ်း နေထိုင်ခဲ့သူဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အော်စတင်မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှု လေးခုနဲ့  အော်စတင်မြို့တောင်ဘက်ရှိ Schertz မြို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှုတစ်ခု ယခုလအတွင်း ဖြစ်ပွားခဲ့ပါတယ်။

ပါဆယ်ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဒေသံရဲတပ်ဖွဲ့နဲ့ FBI အရာရှိတွေက ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့ပြီး ပါဆယ်ဗုံးသတင်းပေးသူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သိန်း ချီးမြှင့်မယ်လို့လည်း ကမ်းလှမ်းထားခဲ့ပါတယ်။

play
FedEx မှာ ပါဆယ်ထုပ် လာရောက် အပ်နှံခဲ့သည့် သံသယရှိသူ မာ့ခ်အန်သိုနီ


ယခုအခါ ပါဆယ်ဗုံးထောင်သူဟု သံသယရှိသူ သေဆုံးသွားခဲ့ပေမဲ့ အော်စတင်မြို့နဲ့ အနီးပတ်ဝန်းကျင်မှာ ပါဆယ်ဗုံးများ ချထားခဲ့နိုင်သေးကြောင်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

အ်ာစတင်မြို့ရဲတပ်ဖွဲ့က နောက်ဆုံး ပါဆယ်ဗုံးပေါက်ကွဲခဲ့တဲ့ Schertz မြို့ရှိ FedEx ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရဲ့ ကုန်လောင်ရုံမှာ တွေ့ရှိရတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းများမှတစ်ဆင့် သံသယရှိသူ အမျိုးသားကို သိရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play
FedEx မှာ ပါဆယ်ထုပ် လာရောက် အပ်နှံခဲ့သည့် သံသယရှိသူ မာ့ခ်အန်သိုနီ


ထို့နောက် စုံစမ်းရေးမှူးတွေက သံသယရှိသူအမျိုးသားရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို Google သုံးပြီး အချက်အလက် ရှာဖွေစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ သံသယရှိသူရဲ့ အွန်လိုင်းအသုံးပြုမှု မှတ်တမ်းတွေအရ ပါဆယ်ဗုံးတွေ ပို့ဆောင်မယ့် နေအိမ်လိပ်စာတွေကို ရှာဖွေထားမှုကို တွေ့ရှိခဲ့ရပါတယ်။

play
ပါဆယ်ဗုံးများပေါက်ကွဲခဲ့မှု သံသယရှိ တရားခံ အသေခံဖောက်ခွဲသွားသည့်နေရာ


နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက သံသယရှိသူ အမျိုးသားရဲ့ မော်တော်ကားတည်နေရာကို ထောက်လှမ်းသိရှိနိုင်ခဲ့ကြပါတယ်။ ယနေ့မနက် ဒေသစံတော်ချိန် အစောပိုင်းမှာတော့ ဒေသခံရဲတပ်ဖွဲ့နဲ့ FBI အရာရှိတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ရောင်းရော့ခ်မြို့ရှိ ဟိုတယ်တစ်ခုအနီး ကားပါကင်တစ်ခုမှာ အသင့်နေရာယူ စောင့်ဆိုင်းခဲ့ကြပါတယ်။

ထို့နောက် သံသယရှိသူအမျိုးသားက ကားမောင်းထွက်သွားချိန်မှာ ရဲတပ်ဖွဲ့က နောက်မှလိုက်ခဲ့ပါတယ်။ သံသယရှိသူက ကားကို လမ်းဘေးမှာရပ်လိုက်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ရှာဖွေစစ်ဆေးရန် ချဉ်းကပ်သွားခဲ့ပေမဲ့ ၎င်းက အသေခံဖောက်ခွဲသွားခဲ့ကြောင်း သိရပါတယ်။

play
ပါဆယ်ဗုံးပေါက်ကွဲမှုများနဲ့ သံသယရှိသူ အသေခံဖောက်ခွဲသွားသည့်နေရာပြမြေပုံ


ပေါက်ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့ပြီး နောက်ထပ် ရဲအရာရှိက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကားအတွင်း ပေါက်ကွဲမှုဖြစ်ပြီး မကြာမီမှာတော့ သံသယရှိသူ အမျိုးသားဟာ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

play
ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်များနှင့် တွေ့ဆုံစဉ်


စုံစမ်းစစ်ဆေးမှုတွေအရ အော်စတင်မှာ ပါဆယ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူထံမှာ ပစ်မှတ်ထားတဲ့စာရင်း တွေ့ရှိရပြီး ပါဆယ်ဗုံးထောင်မှုတွေ ပြုလုပ်ကြောင်း ဝန်ခံပြောထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ သို့သော် ထိုသို့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းမှာမူ ပဟေဠိဖြစ်နေဆဲလို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ်မှာ ပါဆယ်ဗုံး ဆက်တိုက်ပေါက်ကွဲမှုများ

မတ်လ ၂ ရက် - အော်စတင်မြို့ရှိ နေအိမ်တစ်အိမ်မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် အသက် ၂၉ နှစ်အရွယ် အန်သိုနီ စတီဖင်ဟောက်စ် အမည်ရှိ အမျိုးသား သေဆုံးခဲ့ပါတယ်။

မတ်လ ၁၃ ရက် - အသက် ၁၇ နှစ်အရွယ် ဒရေလင်ဝီလီယံမက်ဆွန်ဟာ အိမ်တံခါးဝမှာချထားတဲ့ ပါဆယ်ထုပ်ကို နေအိမ်အတွင်း ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ၎င်းရဲ့မိခင်လည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

မတ်လ ၁၃ ရက် - ပထမပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ပါဆယ်ဗုံးနောက်တစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ရာ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၁၈ ရက် - အော်စတင်မြို့မှာ လမ်းတစ်ခုမှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၂၀ ရက် -  အော်စတင်မြို့တောင်ဘက် ၆၅ မိုင်အကွာ Schertz မြို့ရှိ FedEx ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်လုပ်ငန်းရဲ့ ကုန်လောင်ရုံမှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်းတစ်ဦး အသေးစားဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ပါဆယ်ဗုံးဟာ အော်စတင်မြို့ရှိ လိပ်စာတစ်ခုကို ပေးပို့ရန် လိပ်မူထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ -

- ပါဆယ်ဗုံးတွေ ဆက်တိုက်ပေါက်နေတဲ့ တက္ကဆက်မှာ နောက်ထပ် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်

- အမေရိကန်မြို့တစ်မြို့မှာ ပါဆယ်ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီးနောက် ဗုံးရှာဖွေရေး ဆုကြေးထုတ်ထား

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD