AD
AD
AD

အိန္ဒိယမှာ တစ်ပတ်အတွင်း ဆယ်ကျော်သက် မိန်းကလေးသုံးဦး အဓ္ဓမပြုကျင့်ခံရပြီး အရှင်လတ်လတ်မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝှမ်း ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

မက်ဒ်ယာပရာဒက်ရှ်ပြည်နယ် ဆာဂါဒေသမှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို သူမရဲ့နေအိမ်မှာ အဓ္ဓမပြုကျင့်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။

play


ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဓ္ဓမပြုကျင့်မှုကို မိသားစုထံ ဖွင့်ပြောမယ်လို့ မိန်းကလေးက ပြောခဲ့ပြီးနောက် အဓ္ဓမပြုကျင့်သူက သူမကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း သိရပါတယ်။

မီးရှို့ခံရတဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့ (မေလ ၁၁ ရက်) မှာ ပြောပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

play


"ကျွန်တော်တို့ နှစ်ယောက်ကို ဖမ်းထားပါတယ်၊ တစ်ယောက် မိန်းကလေးနဲ့ မောင်နှမဝမ်းကွဲတော်သူဖြစ်ပြီး နေအိမ်မှာ သူမ တစ်ယောက်တည်းရှိတယ်လို့ အဓိက သံသယရှိသူ အမျိုးသားကို သတင်းပေး ပြောကြားခဲ့သူပါ" လို့ ဆာဂါဒေသရဲတပ်ဖွဲ့မှ ရဲမှူး ဆတ်ယန်ဒရာ ကူးမားရှူကလာက ပြောခဲ့ပါတယ်။

ဆယ်ကျော်သက် မိန်းကလေးကို အဓ္ဓမပြုကျင့်ပြီး အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း အဓိက သံသယတရားခံဟာ အရွယ်မရောက်သေးတဲ့ ကလေးမတစ်ဦးကို လက်ထပ်ထားသူဖြစ်ကြောင်းလည်း ရဲမှူးကူးမားက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ယခင်ဖြစ်ပွားခဲ့တဲ့ အဓ္ဓမပြုကျင့်ပြီး အရှင်လတ်လတ် မီးရှို့မှုနှစ်ခု

ယခုသီတင်းပတ် အစောပိုင်းကလည်း ဂျေဟာခန်းပြည်နယ်မှာ အခြား ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး မီးရှို့ခံခဲ့ရပါတယ်။ အဆိုပါ မိန်းကလေးနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး နောက်တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

play

ဂျေဟာခန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပထမဖြစ်ရပ်မှာ အဓ္ဓမပြုကျင့်ခံရတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးရဲ့ မိဘတွေက ရွာလူကြီးများထံ တိုင်ကြားခဲ့ပြီးနောက် အဆိုပါ မိန်းကလေးဟာ အရှင်လတ်လတ် မီးရှို့ခံရပြီး သေဆုံးခဲ့ပါတယ်။

နာက်ထပ်ဖြစ်ရပ်တစ်ခုမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အဓ္ဓမပြုကျင့်ပြီး အရှင်လတ်လတ် မီးရှို့မှုဖြစ်ပြီး ထိုမိန်းကလေးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။ အဓ္ဓမပြုကျင့်ပြီး မီးရှို့ခဲ့တဲ့ အမျိုးသားဟာ အဆိုပါ မိန်းကလေးကို လက်ထပ်လိုကြောင်း ပြောခဲ့ဖူးပြီး သူမက ငြင်းပယ်ခဲ့တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုများနဲ့ အိန္ဒိယအစိုးရ

အိန္ဒိယမှာ မကြာသေးမီက အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး အုပ်စုဖွဲ့အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရပြီးနောက် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ပိုမိုထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစိုးရကို ဆန္ဒပြတောင်းဆိုမှုတွေ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့ပါတယ်။

play


ထို့နောက် အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေကို အဓ္ဓမပြုကျင့်သူတွေကို သေဒဏ်ချမှတ်ရန် အိန္ဒိယအစိုးရက ဧပြီ ၂၁ ရက်မှာ အမိန့်ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၁၆ နှစ်အောက် မိန်းကလေးတွေကို အဓ္ဓမပြုကျင့်သူတွေကိုလည်း ကြီးလေးပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရန် ရာဇာဝတ်မှုဆိုင်ရာ ဥပဒေပြင်ဆင်ရေးကိုလည်း အိန္ဒိယအစိုးရဲ့ အမိန့်ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

play


အိန္ဒိယမှာ ၂၀၁၂ ခုနှစ်က ဒေလီဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လိင်အကြမ်းဖက်မှုတွေကို ပိုမိုပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်နေပါတယ်။

သို့သော် အမျိုးသမီးများနဲ့ ကလေးတွေကို လူမဆန်တဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ အိန္ဒိယတစ်ဝှမ်း ဆက်လက် ဖြစ်ပွားနေတဲ့ သတင်းများလည်း ရှိနေပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အလေးထားဆောင်ရွက်စရာ နိုင်ငံရေးကိစ္စရပ်လည်း ဖြစ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD