AD
AD
AD

တူနီးရှားနိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဆန္ဒပြဆူပူအုံကြွမှုတွေ တတိယမြောက်ညအဖြစ် ဆက်လက် ပေါ်ပေါက်နေခဲ့ပြီး လူ ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

play


တူနီးရှားနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ဒေသတွင်း ပျံ့နှံ့သွားခဲ့တဲ့ အာဏာရှင်ဖြုတ်ချရေး အာရပ်နွေဦး ဆူပူအုံကြွမှုများအတွင်း ရှားရှားပါးပါး အောင်မြင်တဲ့ အပြောင်းအလဲ ဖြစ်ခဲ့တဲ့နိုင်ငံလို့ ဆိုနိုင်ပါတယ်။

သို့သော် တူနီးရှားအာဏာပိုင်တွေက နိုင်ငံမှာကြုံတွေ့နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

play


ယခုပေါ်ပေါက်နေတဲ့ ဆူပူအုံကြွမှုများအတွင်း ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၀ ရက်) က ခိုးမှု၊ လူယက်မှု၊ မီးရှို့မှုနဲ့ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတဲ့ လူ ၃၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်မှာလည်း စုစုပေါင်း လူ ၂၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

တတိယမြောက်ညအဖြစ် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ဆူပူအုံကြွမှုအတွင်း ဒေသဆိုင်ရာ ရဲစခန်းတစ်ခုကို မီးရှို့ခဲ့ကြကြောင်းနဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။ တူနီးရှားပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အကြမ်းဖက်မှုတွေ ယမန်နေ့တွေကထက် လျော့နည်းသွားတယ်လို့ ပြောခဲ့ပါတယ်။

play


ဆူပူအုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။ တူနီးရှားဟာ ၂၀၁၁ ခုနှစ် အာရပ်နွေဦးမှာ အာဏာရှင် ဇိုင်းအယ်လ်အဗီဒိုင်း ဘင်အလီကို ဖြုတ်ချခဲ့ပြီးနောက် အဆင်ပြေချောမွေ့တဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

သို့သော် ယခုနှစ် အစပိုင်းမှာ အစိုးရက ခြိုးခြံချွေတာရေး အစီအစဉ်တွေအပေါ် တူနီးရှားပြည်သူတွေက ဒေါသထွက်ခဲ့ကြပြီး ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတို့ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။ တူနီးရှားမှာ ဇန်နဝါရီ ၈ ရက်မှစပြီး ဆူပူအုံကြွမှုတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD