AD
AD
AD

ဂျာမနီနိုင်ငံ အနောက်ပိုင်း Muenster မြို့မှာ လမ်းလျှောက်သွားလာနေသူတွေကို ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြား လူ ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


ယနေ့ (ဧပြီ ၇ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း ဗင်ကားမောင်းနှင်သူက ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ Muenster မြို့လယ်ရှိ Kiepenkerl ရုပ်တုအနီး လမ်းလျှောက်သွားလာနေသူကို ဗင်ကားဖြင့်ဝင်တိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အဆိုပါနေရာကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

play


ဆိုရှယ်မီဒီယာမှ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံအရ ဗင်ကားဖြင့် ဝင်တိုက်ခဲ့တဲ့နေရာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားပွဲနဲ့ကုလားထိုင်များ ပြန့်ကျဲနေတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထင်ကြေးအရ ခန့်မှန်းပြောဆိုမှုများ မပြုကြရန် တိုက်တွန်းထားပါတယ်။

ယခုဖြစ်ရပ်ဟာ အစ္စလာမ်မစ် အစွန်းရောက်အုပ်စုတစ်ခုခုနဲ့ ဆက်နွယ်နေတဲ့ အထောက်အထား မတွေ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ လူအုပ်စုကို ဗင်ကားဖြင့် ဝင်တိုက်ခဲ့သူဟာ ဂျာမန်တစ်ဦးဖြစ်ပါတယ်။

play


ဂျာမန်သတင်းတွေမှာ ဖော်ပြထားမှုအရ ကားဖြင့်ဝင်တိုက်ခဲ့သူဟာ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသူလို့ သိရပါတယ်။ ၎င်းဟာ လတ်တလော သေကြောင်းကြံစည်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ထိုအမျိုးသားဟာ ယခင်က ပြစ်မှုအသေးစားများ ကျူးလွန်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ခဲ့ဖူးတဲ့ ရဲမှတ်တမ်းရှိသူလည်း ဖြစ်ပါတယ်။ လူအုပ်စုကို ဗင်ကားဖြင့်ဝင်တိုက်ခဲ့သူဟာ စက်မှုထုတ်ကုန် ဒီဇိုင်နာတစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်မှာ ပြဿနာများနဲ့ ရုန်းကန်နေရသူဖြစ်ကြောင်း သိရပါတယ်။

play


လူအုပ်စုကို ဗင်ကားဖြင့်ဝင်တိုက်မှုဖြစ်ခဲ့တဲ့ Muenster မြို့ဟာ ဂျာမနီမြို့တော် ဘာလင်မြို့အနောက်ဘက် မိုင် ၃၀၀ အကွာမှာတည်ရှိတဲ့ အလယ်ခေတ်မြို့ဟောင်းတစ်မြို့ဖြစ်ပြီး လူဦးရေ ၃၀၀,၀၀၀ နေထိုင်ကြပါတယ်။ လတ်တလောနှစ်များအတွင်း ဂျာမနီမှာ မော်တော်ယာဉ်များ အသုံးပြုပြီး ဝင်တိုက်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများ တွေ့ကြုံခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကလည်း အသက် ၂၄ နှစ်အရွယ် တူနီးရှားလူမျိုး အေနစ်အမ်ရီက ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းတစ်ခုမှာ လူအုပ်စုအတွင်း ထရပ်ကားတစ်စီးဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

play


ထရပ်ကားဖြင့် အကြက်းဖက်တိုက်ခိုက်ခဲ့တဲ့ အမ်မရီက အီတလီကို ထွက်ပြေးသွားခဲ့ရာ မီလန်မြို့မှာ အီတလီရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်လုပ်ဆောင်စေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဘာစီလိုနာမြို့ရှိ Las Ramblas လမ်းမတစ်လျှောက်မှာ ဗင်ကားတစ်စီးဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ထို့အတူ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်မှာလည်း ပြင်သစ်နိုင်ငံ နိစ်မြို့မှာ ပြင်သစ်အမျိုးသားနေ့ မီးရှူးမီးပန်းများ ပစ်လွှတ်မှုကို စုဝေးကြည့်ရှုနေတဲ့ လူအုပ်စုအတွင်း ထရပ်ကားတစ်စီးဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD