AD
AD
AD

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ယနေ့ (ဧပြီ ၉ ရက်) မနက်အစောပိုင်းက ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ လူငါးဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး အဆောက်အအုံနဲ့ လမ်းမများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။

ငလျင်ဟာ ရစ်(ခ်)တာစကေး ၆.၁ အဆင့်ဖြစ်တယ်လို့ ဂျပန်မိုးလေဝသဌာနက ပြောကြားကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ USGS ဝက်ဘ်ဆိုက်ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်(ခ်)တာစကေး ၅.၇ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

play


ငလျင်ဟာ ဟွန်ရှူးကျွန်းမကြီးရဲ့ အနောက်ဘက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်းနဲ့ နေအိမ် ၁၀၀ ခန့်မှာ ရေပြတ်တောက်သွားခဲ့ပြီး အခြားနေအိမ် ၅၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ခဲ့ကြောင်း ကျိုဒိုသတင်းက ပြောပါတယ်။  ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသမှာ အဆောက်အအုံနဲ့ လမ်းမအချို့ ပျက်စီးမှုဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

သို့သော် ငလျင်လှုပ်ခတ်ခဲ့ရာအနီးရှိ Shimane နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ပြဿနာတစ်စုံတရာ မဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ ပစိဖိတ်မီးကွင်း (Pacific Ring of Fire) ဒေသမှာ တည်ရှိနေပြီး ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်မှာ ပစိဖိတ်သမုဒ္ဒရာအောက်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၉.၀ ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးကြောင့် ဂျပန်ကမ်းရိုးတန်းမှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ကာ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ခဲ့ပြီး လူပေါင်း ၁၆,၀၀၀ နီးပါး သေဆုံးပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ငလျင်လှုပ်ခဲ့

play


မြန်မာနိုင်ငံမှာလည်း ဧပြီ ၉ ရက် မနက် (၀၀)နာရီ၊ (၁၀)မိနစ်၊ (၀၉) စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၄၀) ခန့်ကွာဝေးတဲ့ စဉ့်ကူးမြို့ရဲ့ အရှေ့မြောက်ဘက် (၆) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD