AD
AD
AD

ဂျပန်မှာ နှင်းထူထပ်စွာကျမှုကြောင့် ခရီးသည်များ ရထားပေါ်မှာ သောင်တင်


ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသမှာ ဆီးနှင်းများထူထပ်စွာ ကျရောက်ခဲ့မှုကြောင့် ခရီးသည် ၄၀၀ ကျော် ရထားတစ်စင်းပေါ်မှာ တစ်ညတာ ပိတ်မိသောင်တင်ခဲ့ကြကြောင်း AP သတင်းဌာနက ပြောပါတယ်။

င်းများထူထပ်စွာ ကျရောက်မှုကြောင့် ရပ်နားခဲ့ရတဲ့ ရထားဟာ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ဒေသစံတော်ချန် မနက် ၁၀ နာရီခွဲမှာ ပြန်လည် ခုတ်မောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

play


AP သတင်းဌာနရဲ့ အဆိုအရ JR East ရထားကုမ္ပဏီမှ ရထားတွဲလေးတွဲပါ ခရီးသည်တင်ရထားဟာ Niigata ကနေ ကြာသပတေးနေ့ (ဇန်နဝါရီ ၁၁ ရက်) ညနေ ၅ နာရီ ၂၅ မိနစ်မှာ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ခုတ်မောင်းလာစဉ် ရထားလမ်းတစ်လျှောက် ဆီးနှင်းများထူထပ်စွာ ကျရောက်လာခဲ့ပြီးနောက် ည ၇ နာရီဝန်းကျင်မှာ ရထားကို ရပ်နားခဲ့ရပါတယ်။

ရထားရပ်နားခဲ့ပြီးနောက် ရထားလမ်းတစ်လျှောက် နှင်းထုထူထပ်စွာကျရောက်ထားမှုနဲ့ ညပိုင်းအချိန်ဖြစ်နေပြီး မှောင်မိုက်နေမှုကြောင့် ခရီးသည်တွေကို ရထားပေါ်မှရွှေ့ပြောင်းရန် အလွန်အန္တရာယ်များကြောင်း တာဝန်ရှိသူတွေက သုံးသပ်ခဲ့ပြီးနောက် ရထားပေါ်မှာသာ နေစေခဲ့တာ ဖြစ်ပါတယ်။

play


ခရီးသည် ၄၀၀ ကျော်ဟာ ရထားပေါ်မှာ ၁၅ နာရီခွဲကြာ သောင်တင်နေခဲ့ကြကြောင်း သိရပါတယ်။ ရာသီဥတုဆိုးရွားနေပြီး အန္တရာယ်ရှိတာကြောင့် ထိုင်ခုံမရတဲ့ ခရီးသည်တွေကို ရထားပေါ်မှဆင်းပြီး မိုင်ဝက်ကျော်ကွာဝေးတဲ့ ဘူတာရုံကို သွားရောက်ခြင်းပြုကြရန် တိုက်တွန်းခဲ့ရကြောင်း ရထားကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ရထားပေါ်မှာ ပိတ်မိနေစဉ် နေထိုင်မကောင်းဖြစ်သူ ငါးဦးကိုတော့ ရထားပေါ်မှ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ခရီးသည်တွေ သောင်တင်နေခဲ့တဲ့ ရထားမှာ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစနစ်တွေ လုံလောက်စွာ ပါရှိကြောင်း ရထားကုမ္ပဏီက ပြောပါတယ်။

play


ခရီးသည်တင်ရထားဟာ တိုကျိုမြို့ အနောက်မြောက်ဘက် ၁၈၆ မိုင်ကျော်အကွာရှိ စန်ဂျိုမြို့မှာ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ စန်ဂျိုမြို့မှာ ၆ နာရီကြာ အချိန်ကာလအတွင်း နှင်းထုပမာဏ ၇.၈ လက်မထိ ယနေ့ ကျရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

နှင်းကျမှုဟာ အချို့နေရာတွေမှာ ပျမ်းမျှထက် ၁၀ ဆအထိ ထူထပ်များပြားခဲ့ပြီး ဂျပန်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD