AD
AD
AD

လာမယ့် ၂၀၁၉ ခုနှစ်မှစပြီး ဂျပန်နိုင်ငံမှထွက်ခွာတဲ့ ခရီးသွားများ ထွက်ခွာအခွန်အဖြစ် ဂျပန်ယန်းငွေ ၁,၀၀၀ (မြန်မာငွေ ၁၂,၀၀၀ ကျော်) ပေးဆောင်ရမယ်လို့ ဂျပန်မီဒီယာတွေက ဧပြီ ၁၁ ရက်မှာ ဖော်ပြပါတယ်။

play


'နှုတ်ဆက်ခွန်' လို့ စကားလုံးထွင် သုံးနှုန်းထားတဲ့ အဆိုပါ အခွန်အခ ကောက်ခံသွားမယ့် ဥပဒေသစ်ကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ စတင်သက်ရောက်မယ်လို့လည်း သိရပါတယ်။

ဥပဒေသစ်အရ ဂျပန်နိုင်ငံသားနဲ့ နိုင်ငံခြားသား ခရီးသွားအားလုံးဟာ ဂျပန်ကနေ လေယာဉ် သို့မဟုတ် သင်္ဘောဖြင့် ထွက်ခွာပါက လေယာဉ်လက်မှတ်နဲ့ သင်္ဘောလက်မှတ်များမှာ 'နှုတ်ဆက်ခွန်' ကျသင့်ငွေကို ထပ်ပေါင်းထည့်ထားမှာ ဖြစ်ပါတယ်။

play


အသက် ၂ နှစ်အောက် ကလေးငယ်များနဲ့ ဂျပန်မှာ ခေတ္တဝင်ရောက်ရပ်နားကာ ၂၄ နာရီအတွင်း ပြန်လည်ထွက်ခွာသူတွေကတော့ 'နှုတ်ဆက်ခွန်' ကင်းလွတ်ခွင့်ရမယ်လို့ ဆိုပါတယ်။ 'နှုတ်ဆက်ခွန်' ကောက်ခံမှုအရ တစ်နှစ်လျှင် အခွန်ဘဏ္ဍာ ဂျပန်ယန်းငွေ ၄၃ ဘီလီယံ တိုးမြင့်လာမယ်လို့ ဂျပန်အစိုးရက မျှော်လင့်ထားပါတယ်။

အဆိုပါ အခွန်ငွေတွေကို မျက်နှာမှတ်သားခွဲခြားမှု နည်းပညာသုံး စစ်ဆေးရေးဂိတ်များကဲ့သို့ အခြေခံအဆောက်အအုံနဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရှိ ပန်းခြံတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေမှာလည်း ဘာသာစကားမျိုးစုံ ပါဝင်တဲ့ လမ်းညွှန်စနစ်များကို အခွန်ငွေဖြင့် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

play


'နှုတ်ဆက်ခွန်' ကောက်ခံရမှ ရရှိလာတဲ့ဝင်ငွေဟာ ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ရေးမှာလည်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ လတ်တလောနှစ်များအတွင်း ခရီးသည်ဝင်ရောက်မှု တိုးမြင့်လာခဲ့ပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ မတိုင်မီ ဆက်လက် တိုးမြင့်နေမယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်အစိုးရက ၂၀၁၇ ခုနှစ်မှာ ခရီးသည်ဝင်ရောက်မှု ၂၈.၉ သန်း တိုးမြင့်လာရန် မျှော်မှန်းခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ သန်း ၄၀ အထိ တိုးမြင့်လာရန် မျှော်မှန်းထားကြောင်း Jiji Press သတင်းက ဖော်ပြပါတယ်။ ဂျပန်လွှတ်တော်က 'နှုတ်ဆက်ခွန်' (sayonara tax) ကောက်ခံမယ့် ဥပဒေသစ်ကို ဧပြီ ၁၀ ရက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်မှာ နိုင်ငံမှထွက်ခွာပါက အခွန်ပေးဆောင်ရမှုကို ၁၉၉၂ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ကျင့်သုံးခဲ့တယ်လို့လည်း ကျိုဒိုသတင်းဌာနက ပြောပါတယ်။ သို့သော် သြစတြေးလျနဲ့ တောင်ကိုရီးယားကဲ့သို့ နိုင်ငံများသို့ ထွက်ခွာသူတွေကိုသာ အဆိုပါ အခွန်ကောက်ခံခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD