AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အနောက်အုပ်စုက ဆီးရီးယားအစိုးရ ပစ်မှတ်တွေကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအား ပြီးပြည့်စုံတဲ့ ဆောင်ရွက်မှုဖြစ်ကြောင်းနဲ့ စစ်ဆင်ရေး အောင်မြင်ပြီးမြောက်ခဲ့ကြောင်း Twitter မှာ ယနေ့ (ဧပြီ ၁၄ ရက်) ချီကျူးပြောကြားခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


"မနေ့ည တိုက်ခိုက်မှုက ပြီးပြည့်စုံတဲ့ ဆောင်ရွက်မှုပါ၊ ပြင်သစ်နဲ့ ဗြိတိန်ကို သူတို့ရဲ့ အမြော်အမြင်ရှိမှုနဲ့ ကောင်းမွန်တဲ့စစ်တပ်စွမ်းရည်အတွက် ကျေးဇူးတင်ပါတယ်၊ ဒီထက်ကောင်းတဲ့ရလဒ် မရှိနိုင်ပါဘူး၊ စစ်ဆင်ရေး အောင်မြင်ပြီးမြောက်ခဲ့တယ်" လို့ သမ္မတထရန့်က Twitter မှာ ရေးသားထားပါတယ်။

play
သမ္မတထရန့်က Twitter မှာ ရေးသားထားမှု


အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် တပ်ဖွဲ့တွေက ဆီးရီးယားအစိုးရ ပစ်မှတ်တွေကို ဧပြီ ၁၃ ရက် ညပိုင်းမှာ ပထမဆုံး ပူးပေါင်းတိုက်ခိုက်မှုအဖြစ် ဒုံးကျည်အစင်းရေ ၁၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ သုံးနိုင်ငံ ပူးပေါင်းတိုက်ခိုက်မှုက ဆီးရီးယားအစိုးရဲ့ ဓာတုလက်နက်နဲ့ ပတ်သက်နေတဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

play
ဒုံးကျည်တိုက်ခိုက်မှုများ ထိမှန်ခဲ့ပြီး ပျက်စီးသွားသည့် နေရာတစ်ခု


ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့တော်အပြင်ဘက် အရှေ့ဂူတားဒေသရှိ သူပုန်များထိန်းချုပ်ထားတဲ့ ဒူမာမြို့ကို ဧပြီ ၇ ရက်မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်မှုအဖြစ် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

play
ဆီးရီးယားကို ဒုံးကျည်ဖြင့် တိုက်ခိုက်နေစဉ်


"အခု တုံ့ပြန်မှုကို ဆီးရီးယားအစိုးရက တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေမှု ရပ်ဆိုင်းတဲ့အချိန်ထိ ဆက်လက် လုပ်ဆောင်သွားမှာပါ" လို့လည်း သမ္မတထရန့်က ဆိုပါတယ်။

ဆီးရီးယားကိုတိုက်ခိုက်တဲ့ ပူးပေါင်းစစ်ဆင်ရေး ရည်ရွယ်ချက်မှာ 'ဓာတုလက်နက်များ ထုတ်လုပ်မှု၊ ဖြန့်ဝေမှုနဲ့ အသုံးပြုမှုကို ပြင်းထန်စွာ ဟန့်တားရေး' ဖြစ်တယ်လို့လည်း သမ္မတထရန့်က ဆိုပါတယ်။

ဆီးရီးယားနဲ့ ၎င်းရဲ့မဟာမိတ် ရုရှားတို့ကတော့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်အများအပြားကို ဟန့်တားဖျက်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

play
ဗြိတိန်လေတပ်မှ RAF Tornado တိုက်လေယာဉ်တစ်စီး


ဆီးရီးယားကို အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုဖြင့် တုံ့ပြန်အရေးယူမှုအား တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပြီး နိုင်ငံတကာဥပဒေများကို လိုက်နာကြရန်နဲ့ ဆီးရီးယားအကျပ်အတည်းကို နိုင်ငံရေးအရသာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်မယ်လို့ ယနေ့ ပြောကြားပါတယ်။

play
ဒမတ်စကက်မြို့မှာ ဆီးရီးယားအစိုးရ ထောက်ခံသူများ စုရုံးချီတက်စဉ်


ဆီးရီးယားရဲ့ အဓိကမဟာမိတ် ရုရှားနိုင်ငံက အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှားတပ်ဖွဲ့တွေ ထိခိုက်မှုရှိလာပါက စစ်ရေးအရ တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံက အနောက်အုပ်စုအနေနဲ့ ဆီးရီးယားကို တိုက်ခိုက်ခြင်းက စစ်ပွဲအစပျိုးမှု ဖြစ်လာနိုင်တယ်လို့ အစောပိုင်းမှာလည်း သတိပေးခဲ့ကြောင်း သိရပါတယ်။

play
ဆီးရီးယားသမ္မတ အာဆတ်နှင့် ရုရှားသမ္မတ ပူတင်


ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး ဆီးရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ရန် ပြောကြားထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ သံတမန်တွေရဲ့ အဆိုအရ ဆီးရီးယားအရေး အစည်းအဝေးကို ယနေ့ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရန်လိုကျူးကျော်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆန့်ကျင်မှုဖြစ်ပြီး ကျရှုံးလိမ့်မယ်လို့ ဆီးရီးယားအစိုးရ သတင်းဌာန SANA က ပြောပါတယ်။

play
ပြင်သစ်စစ်သင်္ဘောပေါ်မှာ ခရုစ်ဒုံးကျည် ပစ်လွှတ်မှု


ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့တဲ့ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများ

- ဒမတ်စကက်မြို့အနီးရှိ ဆီးရီးယားသိပ္ပံသုတေသဌာနကို (Syrian Scientific Research Center) Tomahawk ဒုံးကျည် ၅၄ စင်း အပါအဝင် ဒုံးကျည် ၇၆ စင်း ထိမှန်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အဆိုပါနေရာ ပျက်စီးသွားခဲ့ပါတယ်။ အဆိုပါဌာနဟာ ဆီးရီးယားရဲ့ ဓာတုလက်နက်ဆိုင်ရာ သုတေသနနဲ့ ထုတ်လုပ်ရေးတို့ကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

play


- Homs မြို့အနီးရှိ Him Shinshar ဓာတုလက်နက်သိုလှောင်စခန်းကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂၂ စင်း ထိမှန်ခဲ့ပါတယ်။

- Him Shinshar မှာရှိတဲ့ ဓာတုလက်နက် သိုလှောင်ထားတဲ့ ကတုတ်ကျင်းနေရာကို ပစ်မှတ်ထားပြီး Scout ဒုံးကျည် ၇ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

ဆက်စပ်သတင်း

- အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ပူးပေါင်းပြီး ဆီးရီးယားကိုတိုက်ခိုက်မှု စတင်

- အမေရိကန်နဲ့မဟာမိတ်များ ဆီးရီးယားကိုတိုက်ခိုက်မှု တရုတ်အစိုးရ ကန့်ကွက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD