AD
AD
AD
play


ထရန့်ရဲ့ချွေးမ ဗင်နက်ဆာက အဖြူရောင်အမှုန့်များပါဝင်တဲ့ စာအိတ်တစ်အိတ်ကို ဖွင့်ကြည့်မိခဲ့ပြီးနောက် လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးရန် သူမကို ဆေးရုံသို့ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ချွေးမ ဗင်နက်ဆာထရန့်ကို တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) နယူးယော့ခ်မြို့ရှိ ဆေးရုံတစ်ရုံသို့ ပိုဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

play
ထရန့်ဂျူနီယာနှင့် ဗင်နက်ဆာ


ဗင်နက်ဆာက သံသယဖြစ်ဖွယ် စာအိတ်ကို ဖွင့်ကြည့်မိပြီးနောက် အန္တရာယ်ဖြစ်မှာ ကြောက်လန့်စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။ အဖြူရောင်အမှုန့်ပါတဲ့ စာအိတ်ကိုဖွင့်ကြည့်ပြီးနောက် မအီမသာ ခံစားရကြောင်း ဗင်နက်ဆာက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဗင်နက်ဆာနဲ့ သူမအနီးရှိနေခဲ့သူ နှစ်ဦးတို့ကို ဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေးစစ်ဆေးခဲ့ပါတယ်။

play
ထရန့်ဂျူနီယာမိသားစု


နောက်ပိုင်းမှာတော့ စစ်ဆေးမှုတွေအရ အဆိုပါ အဖြူရောင်အမှုန့်တွေဟာ အန္တရာယ်မရှိကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ဆေးရုံသို့ပို့ဆောင်ခဲ့ရသူ သုံးဦးအနက် ဗင်နက်ဆာရဲ့ မိခင်လည်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဗင်နက်ဆာဟာ သမ္မတထရန့်ရဲ့ သားအကြီးဆုံး ဒေါ်နယ်ထရန့်ဂျူနီယာရဲ့ ဇနီးဖြစ်ပါတယ်။

အဖြူရောင်အမှုန့်တွေပါတဲ့ စာအိတ်ဟာ သမ္မတထရန့်ရဲ့သားကြီး ဒေါ်နယ်ထရန့်ဂျူနီယာထံ လိပ်မူထားကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကားလို့စ်က ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မိသားစု


သမ္မတထရန့်ရဲ့သားကြီးထံ လိပ်မူထားတဲ့ မင်္သကာဖွယ်ရာ အဖြူရောင်အမှုန့်တွေပါတဲ့ စာအိတ်တွေပေါ်မှာ ဘော်စတွန်စာတိုက်တံဆိပ်တွေ ရိုက်နှိပ်ထားကြောင်း ABC News နဲ့ New York Post သတင်းဌာနတွေက ဖော်ပြပါတယ်။ နယူးယော့ခ်ရဲတပ်ဖွဲ့ကတော့ ထိုသတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန်သမ္မတရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက်ရတဲ့ U.S. Secret Service က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုထားပါတယ်။

play


သမ္မတထရန့်ရဲ့သားကြီး ထရန့်ဂျူနီယာက ဇနီးနဲ့ကလေးများ ဘေးကင်လုံခြုံမှုအတွက် ကျေးဇူတင်ရကြောင်းနဲ့ သဘောထားကွဲလွဲဆန့်ကျင်မှုကို ယခုလို မနှစ်မြို့စရာကောင်းတဲ့ အပြုအမူနဲ့ ပြသခြင်းဟာ စက်ဆုပ်ရွံရှာစရာကောင်းကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် အာဏာပိုင်တွေဟာ စာအိတ်တွေနဲ့ပတ်သက်ပြီး၂၀၀၁ ခုနှစ်ကတည်းက သတိထားခဲ့ကြတယ်လို့လည်း သိရပါတယ်။ ထိုစဉ်က ထောင့်သန်းပိုးပါတဲ့ စာအိတ်တွေကို မီဒီယာတွေနဲ့ အမေရိကန်လွှတ်တော်အမတ်များထံ လိပ်မူပေးပို့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး လူငါးဦး သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD