AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကတောင်ပိုင်း မက္ကစီကိုနဲ့ နယ်စပ်ဒေသမှာ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) ချထားရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

ထရမ့်ရဲ့ ယခုအစီအစဉ်က မက္ကစီကိုနိုင်ငံကို ပိုမိုဖိအားပေးလိုက်ခြင်းနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို နှိမ်နင်းရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

play
အမေရိကန်နဲ့ မက္ကစီကို နယ်စပ်တစ်နေရာ


သမ္မတထရမ့်က ပင်တဂွန်စစ်ဌာနချုပ်နဲ့ ပြည်တွင်းလုံခြုံရေးဌာနတို့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဒေသ ကင်းလှည့်စောင့်ကြပ်မှုကို ကူညီပေးရန် အမျိုးသားအစောင့်တပ်ဖွဲ့ ချထားမည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်ဂျင် နီးလ်ဆင် ပြောပါတယ်။

play
နယ်စပ်တံတိုင်းတည်ဆောက်ရေး ဆွေးနွေးပြောကြားနေသည့် သမ္မတထရမ့်


"မက္ကစီကိုနဲ့နယ်စပ်မှာ အစောင့်တပ်ဖွဲ့ချထားမှုကို ချက်ချင်းစတင်နိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ဒီနေ့ပဲ ဒီအစီအစဉ်ကို စတင်ချင်ပါတယ်၊ နယ်စပ်လုံခြုံရေး ခြိမ်းခြောက်မှုက အမှန်တစ်ကယ်ရှိနေပါတယ်" လို့ သူမက ဆိုပါတယ်။ မက္ကစီကိုနဲ့နယ်စပ်မှာ တံတိုင်းတည်ဆောက်မီ မပြီးစီးမီ အစောင့်တပ်ဖွဲ့ချထားရန် ထရမ့်က ညွှန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

play
ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်ဂျင် နီးလ်ဆင်


တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်မှုမရှိစေရန် မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်မယ့် အစီအစဉ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခဲ့စဉ်က ထရမ့်ရဲ့ အရေးပါတဲ့ ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။ မက္ကစီကိုနယ်စပ်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ ဖြန့်ကျက်မှုကို ၂၀၀၆ ခုနှစ်ကလည်း လုပ်ဆောင်ခဲ့ဖူးပြီး ၂ နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD