AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကို ယနေ့ (မတ်လ ၁၃ ရက်) မှာ ရာထူးမှထုတ်ပယ်လိုက်ပြီး ၎င်းရဲ့နေရာကို CIA ညွှန်ကြားရေးမှူး မိုက်ခ် ပွန်မ်ပီအိုနဲ့ အစားထိုးလိုက်ကြောင်း သိရပါတယ်။

play
ရာထူးမှထုတ်ပယ်ခံရသည့် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်


နိုင်ငံအတွက် တီလာဆန် တာဝန်ထမ်းဆောင်ခဲ့မှုကို ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်က အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ သမ္မတထရန့်က Twitter မှာ ပြောခဲ့ပါတယ်။

သမ္မတထရန့်က စွမ်းအင်ကုမ္ပဏီ ExxonMobil ရဲ့ အကြီးအကဲဟောင်း တီလာဆန်ကို ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန် ၆၉ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

play


သမ္မတထရန့်က စွမ်းအင်ကုမ္ပဏီ Exxon Mobil ရဲ့ အကြီးအကဲဟောင်းဖြစ်သူ တီလာဆန်ကို သဘောမကျတော့ကြောင်း ကောလာဟလတွေ ယခင်ကတည်းက ထွက်ပေါ်ခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလ အစောပိုင်းမှာကတည်းက တီလာဆန်ကို ရာထူးမှထုတ်ပယ်ပြီး ၎င်းနေရာကို CIA အကြီးအကဲ ပွန်မ်ပီအိုနဲ့ အစားထိုးသွားရန် အိမ်ဖြူတော်က စီစဉ်နေကြောင်း သတင်းထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်း - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေဟုဆို

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


တီလာဆန်ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က သမ္မတထရန့်ဟာ ဉာဏ်နည်းသူဖြစ်ကြောင်း ၎င်းရဲပုဂ္ဂလိကအမြင်ကို ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၎င်းတို့နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေအပေါ် ကိုင်တွယ်ဆောင်ရွက်ရာမှာ ချဉ်းကပ်ပုံမတူညီခဲ့ကြကြောင်း သိရပါတယ်။

play
နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် CIA အကြီးအကဲ မိုက်ပွန်မ်ပီအို


နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ထိန်းချုပ်ဟန့်တားရန်အတွက် အဆိုပါနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လျှော့ချပေးခြင်းဖြင့် အပေးအယူပြုလုပ်ရန် စီစဉ်ခြင်းကို သမ္မတထရန့်က ပြက်ရယ်ပြုခဲ့ပါတယ်။

ထို့အတူ တီလာဆန်က မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ခြင်းကိုလည်း အချိန်ဖြုန်းနေတယ်လို့ ထရန့်က ပြောခဲ့ဖူးကြောင်း သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလမှာ ထွက်ပေါ်ခဲ့တဲ့ တီလာဆန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး နေရာကို CIA အကြီးအကဲ ပွန်မ်ပီအိုနဲ့ အစားထိုးသွားရန် စီစဉ်နေကြောင်း သတင်းကို ထိုစဉ်က အမေရိကန်သမ္မတ အိမ်ဖြူတော်က ငြင်းဆိုပယ်ချခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD