AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မက်မာစတာနေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဂျွန်ဘော်လ်တန်ကိ အစားထိုး ခန့်အပ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မာ့ခ်မာစတာက အကောင်းဆုံးလုပ်ဆောင်ခဲ့ကြောင်းနဲ့ အမြဲတမ်း ၎င်းရဲ့မိတ်ဆွေဖြစ်နေမယ်လို့ သမ္မတထရန့်က Twitter မှာ ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


မတ်လ ၂၂ ရက်မှာ ထရန့်က နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဂျွန်ဘော်လ်တန်က မြောက်ကိုရီးယားနဲ့ အီရန်အရေးကို စစ်ရေးအရဆောင်ရွက်ရန် အားပေးထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ မာစတာဟာ အမေရိကန်သမ္မတအိမ်ဖြူတော်မှ ထွက်ခွာသွားတဲ့ ထိပ်တန်းအကြီးအကဲတွေအနက် နောက်ဆုံးတစ်ဦးလည်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း သမ္မတထရန့်က နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကို ရာထူးမှထုတ်ပယ်ပြီး စီအိုင်အေညွန်ကြားရေးမှူး ပွန်မ်ပီအိုနဲ့ အစားထိုးခဲ့ပါတယ်။

play
နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် အဖြစ်မှ ဖယ်ရှားခံရသည့် မက်မာစတာ


သမ္မတထရန့် အနေနဲ့ ဂျွန်ဘော်လ်တန်ကို ရာထူးခန့်အပ်မှုအတွက် အမေရိကန်လွှတ်တော်ထံမှ ခွင့်ပြုချက်ရယူစရာ မလိုအပ်ကြောင်းနဲ့ ၎င်းဟာ ၁၄ လအတွင်း ထရန့်ရဲ့ တတိယမြောက် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဖြစ်လာမယ့် ဂျွန်ဘော်လ်တန်

ဂျွန်ဘော်လ်တန်က အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် လာမယ့် ဧပြီ ၉ ရက်မှာ စတင်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် ဂျွန်ဘော်လ်တန်ဟာ ရီပတ်ဘလစ်ကင် အသိုင်းအဝိုင်းမှာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်အတန်ကြာ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

play
အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဖြစ်လာမည့် ဘော်လ်တန်


၎င်းဟာ ရော်နယ်ရေဂင်၊ ဂျော့ဂ်ျအိတ်ခ်ျဒဗလျူဘုရှ်နဲ့ ဂျော့ဂ်ျဒဗလျူဘုရှ်တို့ လက်ထက်မှာ နိုင်ငံခြားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂျွန်ဘော်လ်တန်က သမ္မတဂျော့ဂ်ျဒဗလျူဘုရှ် လက်ထက်မှာ ၂၀၀၅ ခုနှစ် သြဂုတ်လမှ ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူခဲ့စဉ်က ဂျွန်ဘော်လ်တန်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ လုပ်ဆောင်မှုတွေဟာ ခက်ထန်ကြမ်းတမ်းခဲ့ကြောင်း သံတမန်တွေက ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တဲ့ ဂျွန်ဘော်လ်တန်ဟာ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ထံမှာ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်များပိုင်ဆိုင်ကြောင်း စွပ်စွဲမှုမှာ ကူညီခဲ့ပါတယ်။

သို့သော် အဆိုပါ စွပ်စွဲမှုဟာ မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဂျွန်ဘော်လ်တန်ဟာ ပင်လယ်ဖျံတွေကဲ့သို့ ၎င်းရဲ့ နှုတ်ခမ်းမွေးကြောင့်လည်း အမေရိကန်နိုင်ငံရေးနယ်ပယ်မှာ လူသိများတယ်လို့ ဆိုပါတယ်။ ဂျွန်ဘော်လ်တန်က အီရတ်ကို ကျူးကျော်ခဲ့မှုကို အားပေးထောက်ခံခဲ့ပြီး မြောက်ကိုရီးယားနဲ့ အီရန်ကို စစ်ရေးအရ အရေးယူကိုလည်း ထောက်ခံထားသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD