AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ လာမယ့် ဇွန်လ ၁၂ ရက် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်နိုင်လာနိုင်ဖွယ်မရှိဘဲ နှောင့်နှေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေလ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း


သမ္မတထရန့်က မြောက်ကိုရီးယားအနေနဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် သတ်မှတ်ချက်တွေကို ဖြည့်ဆည်းရမှာဖြစ်ပြီး လက်ရှိ စီစဉ်ထားတဲ့အတိုင်း ထိပ်သီးဆွေးနွေးပွဲ မဖြစ်မြောက်ပါက နောက်ပိုင်းမှာ ဖြစ်မြောက်လာနိုင်ကြောင်းလည်း သမ္မတထရန့်က ဆိုပါတယ်။

သို့သော် နားလည်ရခက်တဲ့ ကင်မ်ဂျုံအန်ဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အလေးအနက် သဘောထားရှိတယ်လို့ ယုံကြည်ကြောင်းလည်း ထရန့်က ပြောပါတယ်။ ထရန့်က အိမ်ဖြူတော်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို လက်ခံတွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


အမေရိကန်က ထိပ်သီးဆွေးနွေးပွဲအတွက် မည်သည့် သတ်မှတ်ချက်တွေထားရှိကြောင်းကိုတော့ သမ္မတထရန့်က ပြောကြားသွားခြင်းမရှိပါဘူး။ သို့သော် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ နျူကလီးယားလက်နက်ဖျက်သိမ်းမှုကို လုပ်ဆောင်ရမယ်လို့ ထရန့်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကလည်း အမေရိကန်အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖက်သတ် တောင်းဆိုနေပါက နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းနိုင်ကြောင်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

play
ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံမှု


ထရန့်နဲ့ကင်မ်ဂျုံအန် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။ ဧပြီ ၂၇ ရက်မှာ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD