AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံကို အရေးယူပိတ်ဆို့မှုများ ချမှတ်မှုအဖြစ် တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ အခွန်စည်းကျပ်ကောက်ခံမှုနဲ့ အမေရိကန်နိုင်ငံအတွင်း တရုတ်လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်သွားမယ့် အစီအစဉ်ကို ယနေ့ (မတ်လ ၂၂ ရက်) ကြေညာလိုက်ပါတယ်။

play


တရုတ်နိုင်ငံက အမေရိကန် စီးပွားရေးလုပ်ငန်းတွေရဲ့ ဉာဏပစ္စည်းတွေကို ခိုးယူခြင်းနဲ့ လွှဲပြောင်းခြင်းတို့ကို အားပေးအားမြှောက်ပြုခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရကလည်း တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ဒေါ်လာ ၃ ဘီလီယံအထိ အခွန်စည်းကျပ် ကောက်ခံမယ်လို့ ပြောကြားလိုက်ပါတယ်။ တရုတ်က နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုမရပါ အခွန်စည်းကျပ်ကောက်ခံသွားရန် အမေရိကန်ထုတ်ကုန် ၁၂၈ မျိုးပါတဲ့ စာရင်းတစ်ခုကိုလည်း စုစည်းပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

play


ယခုကိစ္စနဲ့ပတ်သက်ပြီး နှစ်အတန်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အပြောင်းအလဲ ဖြစ်မလာခဲ့တာကြောင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရခြင်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံကို အရေးယူပိတ်ဆို့မှုတွေအနက် သွင်းကုန်အပေါ် အခွန်စည်းကျပ်ကောက်ခံမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်မှုအပါအဝင် အခြား ဆောင်ရွက်မှုတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ ယခု အရေးယူပိတ်ဆို့မှုက နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယီမှ ၆၀ ဘီလီယံကြား အခွန်စည်းကျပ်ကောက်ခံသွားနိုင်ပြီး အမေရိကန်နိုင်ငံအတွင်း တရုတ်လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ကန့်သတ်သွားဖွယ်ရှိကြောင်း အစောပိုင်းကတည်းက သတင်းထွက်ပေါ်နေခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို တရုတ်နဲ့ပတ်သက်ပြီး အရေးဆိုမှုတွေ ပြုလုပ်သွားရန် စီစဉ်နေကြောင်း အမေရိကန်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ဆိုပါတယ်။

play
တရုတ်သမ္မတရှီကျင်းပင်နှင့် ဝန်ကြီးချုပ်လီကီကျန်း


အမေရိကန်ရဲ့ ထိပ်တန်းကုန်သွယ်ရေးညှိနှိုင်းရေးမှူး ရောဘတ်လိုက်ဟစ်ဇာက အမေရိကန်ဟာ တရုတ်အပေါ် အမြင့်ဆုံးဖိအားပေးရန်နဲ့ အမေရိကန်စားသုံးသူတွေကို ဖိအားအနည်းဆုံး ဖြစ်စေရန် စီစဉ်နေကြောင်း လွှတ်တော်အမတ်တွေကို ယမန်နေ့ (မတ်လ ၂၁ ရက်) မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဉာဏပစ္စည်းများ မူပိုင်ခွင့်ကို ကာကွယ်ခြင်းဟာ အမေရိကန်စီးပွားရေးအတွက် အရေးပါကြောင်းလည်း ၎င်းက ဆိုပါတယ်။ တရုတ်အစိုးရဘက်ကတော့ ကုန်သွယ်ရေးစစ်ပွဲမှာ မည်သူမျှ အောင်ပွဲရမှာမဟုတ်ကြောင်း ပြောထားပါတယ်။

တရုတ်အမျိုးသားကွန်ဂရက် အစည်းအဝေး နောက်ဆုံးနေ့မှာ တရုတ်နဲ့ အမေရိကန် နှစ်ဘက်လုံးအနေနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက ပြောခဲ့ပါတယ်။

အမေရိကန်က နည်းပညာမြင့် ထုတ်ကုန်ပစ္စည်းများ တရုတ်သို့တင်သွင်းမှုအပေါ် ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးမယ်လို့လည်း မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့ လီကီကျန်းက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD