AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပြည်တွင်းလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ်ဘော့စ်ဆတ် ရာထူးမှ နုတ်ထွက်သွားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

play
ပြည်တွင်းလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ်မှ နုတ်ထွက်သွားသည့် တွမ်ဘော့စ်ဆတ်


အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဆာရာစန်ဒါစ်က ပြည်တွင်းလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ်ဘော့စ်ဆတ် ရာထူးမှနုတ်ထွက်ကြောင်းကို ယနေ့ (ဧပြီ ၁၀ ရက်) ကြေညာပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဘေးကင်းလုံခြုံရေးအတွက် တွမ်ဘော့စ်ဆတ်ရဲ့ လုပ်ဆောင်မှုအပေါ် သမ္မတထရန့်က ကျေးဇူးတင်ကြောင်းလည်း ဆာရာက ပြောပါတယ်။

play
နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်သစ် ဂျွန်ဘော်လ်တန်


တွမ်ဘော့စ်ဆတ်နုတ်ထွက်မှုကို သမ္မတထရန့်ရဲ့ စတုတ္တမြောက် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်သစ် ဂျွန်ဘော်လ်တန် စတင်တာဝန်ထမ်းဆောင်ပြီး နောက်တစ်ရက်မှာ ကြေညာခဲ့လည်း ဖြစ်ပါတယ်။

တွမ်ဘော့စ်ဆတ်ဟာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးမှ သဘာဝဘေးအန္တရာယ်နဲ့ ဆိုက်ဘာတိုက်ခိုက်မှုများအထိ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် တွမ်ဘော့စ်ဆတ်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ တီဗီအစီအစဉ်မှာကဲ့သို့ စမတ်ကျကျ စကားပြောဆိုနိုင်မှုတွေကြောင့် သမ္မတထရန့် ၎င်းကို မျက်နှာသာပေးခဲ့တယ်လို့လည်း ဆိုကြပါတယ်။

play
သမ္မတထရန့် ပွာတိုရီကိုသို့ သွားရောက်ခဲ့စဉ်


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ သဘောထားတုံ့ပြန်မှုကိုလည်း တွမ်ဘော့စ်ဆတ်က အစိုးရကိုယ်စားပြုပြီး ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

၎င်းဟာ ယမန်နှစ်အတွင်းက တက္ကဆက်နဲ့ ပွာတိုရီကိုတို့မှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက တုံ့ပြန်ဆောင်ရွက်မှုတွေမှာလည်း ကူညီပါဝင်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်းတိုက်ပြီးနောက် ပွာတိုရီကိုကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သမ္မတထရန့်က တွမ်ဘော့စ်ဆတ်ကို ထုတ်ဖော် ချီးကျူးခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD