ရုပ်သံပိုင်းကို အကြီးအကျယ်အကောင်အထည်ဖော်နေတဲ့ Facebook ဟာ လာမယ့်နှစ်အတွင်းမှာ ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဗွီဒီယို ရုပ်သံပိုင်းအတွက် ဒေါ်လာ ၁ ဘီလျံအထိ သုံးစွဲသွားတော့မှာ ဖြစ်ပါတယ်။

play

 

Facebook ဟာ ရုပ်သံရှိုး episode တစ်ခုကို ဒေါ်လာ ၃ သန်း အထိ သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့  တစ်ပတ်ကပဲ ကုမ္ပဏီဟာ Facebook အက်ပလီကေးရှင်းမှာ Watch ဆိုပြီး TV ၊ ရုပ်သံစီးရီးတွေ ကြည့်နိုင်မယ့် tab အသစ်ထည့်လာပါတယ်။ ဒီ feature ကို အမေရိကန်မှာ စပြီး သုံးနေပြီ ဖြစ်ပါတယ်။

 

လာမယ့်နှစ်မှာ Facebook ရဲ့ original shows တွေမှာ ဒေါ်လာ ၁ ဘီလျံ သုံးသွားမယ်ဆိုတဲ့ အချက်ဟာ ပြိုင်ဘက် ဒစ်ဂျစ်တယ် ရုပ်သံမီဒီယာတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး။ Netflix ဟာ ဒီနှစ်ထဲမှာကို ရုပ်သံပိုင်းအတွက် ဒေါ်လာ ၆ ဘီလျံ သုံးထားပြီး Amazon ကတော့ ဒေါ်လာ ၄.၅ ဘီလျံ အထိ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ original shows တွေကနေ ရုပ်သံဖန်တီးသူတွေကို ဒီဗွီဒီိယိုကြေငြာဆီကနေ ရှယ်ယာ ၄၅% ခွဲပေးသွားဖို့ လည်း ရှိနေပါတယ်။

 

Facebook ဟာ ရုပ်သံလွှင့်စနစ်အောင်မြင်ဖို့ အတွက် မီဒီယာ ကုမ္ပဏီများ ၊ အားကစားသမားများနဲ့ ဆယ်လီများကို မနှစ်က ဒေါ်လာ သန်း ၅၀ ပေးပြီး Live Videos များလွှင့်တင်စေခဲ့ပါတယ်။ ဒါကတော့ Facebook ရဲ့ ဗွီဒီယိုရုပ်သံလိုင်းဈေးကွက်ကို မြေစမ်းခရမ်းပျိုးတဲ့ အခြေအနေဖြစ်ပါတယ်။ နောက်ပိုင်းမှာ Facebook ပေါ်ကနေ ဗွီဒီယိုကြည့်ရှုနှုန်းဟာ တဟုန်းထိုး တိုးတက်လာနေပြီ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ လက Apple ဟာ လာမယ့်နှစ်မှာ ကိုယ်ပိုင်ဗွီဒီယိုရုပ်သံကဏ္ဍကို ဒေါ်လာ ၁ ဘီလျံသုံးသွားမယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် Facebook ဘက်မှလည်း ဒီရင်းနှီးမြှပ်နှံမှုအစီအစဉ်ကို စီစဉ်လာတာ ဖြစ်ပါတယ်။ မကြာခင်မှာ Facebook ဟာ ဗွီဒီယိုရုပ်သံကြော်ငြာများနဲ့ စည်ကားတဲ့ လူမှုကွန်ရက်ပလက်ဖောင်းအသွင် မြင်ရဖို့ ရှိပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video