AD
AD
AD

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘီလမ်မြို့ (Belem) ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားအများအပြား ထောင်ဖောက်ပြေးရန် ကြိုးပမ်းမှုအတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထောင်ဖောက်ပြေးရန် ကြံစည်ခဲ့တဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်အပြင်ဘက်မှ လက်နက်ကိုင်တွေက ကူညီပေးခဲ့ပြီး အကျဉ်းထောင်နံရံကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

play
Santa Izabel အကျဉ်းထောင် ဝင်ပေါက်နေရာ


ယမန်နေ့ (ဧပြီ ၁၀ ရက်) က Santa Izabel အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်ပြေးရန် ကြိုးပမ်းမှုအတွင်း အကျဉ်းသား ၁၉ ဦးနဲ့ အကျဉ်းထောင်စောင့်တစ်ဦး သေဆုံးခဲ့ပါတယ်။

အခြား အကျဉ်းထောင်စောင့် လေးဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဘရာဇီးအာဏာပိုင်တွေက ပြောပါတယ်။ Santa Izabel အကျဉ်းထောင်ဟာ ပါရာပြည်နယ် ဘီလမ်မြို့ပြင်မှာ တည်ရှိကြောင်း သိရပါတယ်။

အကျဉ်းထောင်အပြင်ဘက်မှ လက်နက်ကိုင်တွေရဲ့ ကူညီပေးမှုဖြင့် အကျဉ်းသားများ ထောင်ဖောက်ပြေးရန် ကြိုးပမ်းမှုအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ပွဲဖြစ်နေတဲ့အသွင် ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

play


အာဏာပိုင်တွေက အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားခြင်းရှိ မရှိ စစ်ဆေးနေကြောင်း သိရပါတယ်။ ထောင်ဖောက်ပြေးရန် ကြိုးပမ်းခဲ့တဲ့ အကျဉ်းသားများထံမှ ချေမှုန်းရေးရိုင်ဖယ်သေနတ်နှစ်လက်၊ ပစ္စတိုသုံးလက်နဲ့ အခြား သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရာဇဝတ်မှုထူပြောတဲ့ ဘရာဇီးနိုင်ငံမှာ တစ်နှစ်လျှင် လူသတ်မှု ၆၀,၀၀၀ ခန့် ဖြစ်ပွားနေပြီး အကျဉ်းထောင်တွေဟာလည်း အကျဉ်းသားများ အဆမတန်များပြားမှုနဲ့ အကြမ်းဖက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားပါတယ်။

play


၂၀၁၆ ခုနှစ် ဇွန်လအထိ အစိုးရရဲ့ တရားဝင်စာရင်းတွေအရ အကျဉ်းသား ၃၆၈,၀၀၀ အတွက်သာ လုံလောက်တဲ့ ဘရာဇီးနိုင်ငံတစ်ဝှမ်းမှ အကျဉ်းထောင်တွေမှာ အကျဉ်းသားအရေအတွက် ၇၂၆,၇၁၂ ဦးအထိ ရှိနေကြောင်း သိရပါတယ်။ ဘရာဇီးအကျဉ်းထောင်တွေမှာ ဆူပူအုံကြွမှုတွေလည်း ဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ်က အမေဇုန်ဒေသရှိ Manaus မြို့မှ အကျဉ်းထောင် ဆူပူအုံကြွမှုအတွင်း လူ ၅၆ ဦး သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD