AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တမူထူးခြားတဲ့ သံတမန်ဆက်ဆံရေး ခြေလှမ်းတစ်ရပ်အဖြစ် ကင်မ်ဂျုံအန်ထံမှ ပေးစာတစ်စောင်ကို Twitter မှာ လွှင့်တင်ခဲ့ပြီး နျူကလီးယားအရေး မဆုတ်သာမတိုးသာ အခြေအနေကို အဆုံးသတ်နိုင်ရန် အကောင်းမြင်နေဆဲဖြစ်ကြောင်း ၎င်းရဲ့အမြင်ကို ဖော်ပြခဲ့ပါတယ်။

play
စင်ကာပူမှာ သမိုင်းဝင် တွေ့ဆုံခဲ့ကြသည့် ကင်မ်နှင့်ထရန့် (Photo: Saul Loeb/AFP)


ကင်မ်ဂျုံအန်ထံမှ ကိုရီးယားဘာသာဖြင့် ရေးသားထားတဲ့စာနဲ့ စာပိုဒ်လေးပိုဒ်ပါ အင်္ဂလိပ်ဘာသာပြန်ထားတဲ့စာ ဓာတ်ပုံနှစ်ပုံကို သမ္မတထရန့်က Twitter မှာ ဖော်ပြခဲ့ပြီး 'မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ထံမှ အလွန်ကောင်းတဲ့ စာတစ်စောင်ပါပဲ၊ ကြီးမားတဲ့ တိုးတက်မှုကို လုပ်ဆောင်နေခဲ့ပါပြီ' လို့ ရေးသားထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က ထိုစာထဲမှာ အနာဂတ်သစ်ကို မျှော်လင့်ကြောင်းနဲ့ သမ္မတထရန့်ကို အစဉ်အမြဲ ယုံကြည်ကြောင်း ပြောထားတယ်လို့ဆိုပါတယ်။

၎င်းနဲ့ သမ္မတထရန့်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒ၊ စစ်မှန်တဲ့အားထုတ်မှုနဲ့ ထူးခြားတဲ့ချဉ်းကပ်မှုပုံစံတို့ဖြင့် မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံကြား အနာဂတ်သစ်တစ်ခု ဖွင့်လှစ်ရန် ရည်မှန်းခဲ့မှုဟာ သေချာပေါက် အမှန်တစ်ကယ် အကောင်အထည်ပေါ်လာမယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ကင်မ်ဂျုံအန်က စာထဲမှာ ပြောထားပါတယ်။

စာမှာဖော်ပြထားတဲ့ ရက်စွဲဟာ ဇူလိုင် ၆ ရက်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို မြောက်ကိုရီးယားကို ရောက်ရှိတဲ့ရက်လည်း ဖြစ်ပါတယ်။

ပွန်မ်ပီအိုက နှစ်နိုင်ငံခေါင်းဆောင်များ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပိုမိုခိုင်မာတဲ့ အာမခံချက်အတွက် လာရောက်ဆွေးနွေးခဲ့ပါတယ်။

play
အမေရိကန်နဲ့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်များ ဆွေးနွေးမှု (Photo: Secretary Pompeo)


ထိုသို့ ဆွေးနွေးခဲ့ရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညာလက်ရုံး ကင်မ်ယောင်ချိုလ်တို့ ဦးဆောင်တဲ့ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြပြီး မပြေလည်တဲ့ အခြေအနေနဲ့ အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပွန်မ်ပီအိုက ၎င်းရဲ့ နှစ်ရက်ကြာ မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ တိုးတက်မှုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်က ဂိုဏ်းစတားပုံစံဖြင့် တစ်ဖက်သတ် တောင်းဆိုမှုတွေ ပြုလုပ်နေကြောင်း အဆိုပါ ဆွေးနွေးမှုအပြီးမှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD