AD
AD
AD
play


အီတလီနိုင်ငံမြောက်ပိုင်း Piedmont ဒေသမှာ ခရီးသည်တင်ရထားတစ်စင်းက ကုန်တင်ယာဉ်တစ်စီးကို ဝင်တိုက်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးဌာနက ယနေ့ (မေလ ၂၄ ရက်) ပြောပါတယ်။

play


ယမန်နေ့ (မေလ ၂၃ ရက်) ညပိုင်းက အီတလီမြောက်ပိုင်း Rodallo နဲ့ Caluso မြို့နှစ်မြို့ကြား ဆက်သွယ်ထားတဲ့ ရထားလမ်းမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကုန်ပစ္စည်းများ အပြည့်တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်က ရထားလမ်းဖြတ်နေရာကနေ ဖြတ်မောင်းသွားစဉ် ရထားလမ်းပေါ်မှာ ရပ်တန့်သွားခဲ့ရာ ခရီးသည်တင်ရထားက ဝင်တိုက်ခဲ့မိတယ်လို့ ဆိုပါတယ်။

play


ရထားနဲ့ ကုန်တင်ယာဉ် မောငှ်းင်းသူနှစ်ဦးလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဒေသတွင်း ခရီးသည်တင်ရထားဟာ Piedmont မြို့တော် Turin မြို့နဲ့ Ivera မြို့ကြား ပြေးဆွဲနေတဲ့ရထား ဖြစ်ပါတယ်။

play


အီတလီမှာ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း မီလန်မြို့အနီး ရထားသွားလာမှု ရှုပ်ထွေးများပြားတဲ့ ရထားလမ်းပိုင်းမှာ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက အီတလီတောင်ပိုင်း Publia ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်း တိုက်မိခဲ့မှုမှာတော့ လူ ၂၃ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD