AD
AD
AD

ရုရှားသူလျှိုဟောင်းနဲ့သမီးဖြစ်သူတို့ကို အာရုံကြောပျက်စီးစေတဲ့ ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှုအတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတို့က ရုရှားအစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး ရုရှားထံမှ ပါဝင်ပတ်သက်မှုမရှိကြောင်း ယုံကြည်လောက်တဲ့ တုံ့ပြန်ရှင်းလင်းမှု မရခဲ့ဘူးလို့ ပြောကြားပါတယ်။

play
ဆာဂီစကရီပါးလ်နှင့် သမီးဖြစ်သူ ယူလီယာ


'ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူ ယူလီယာတို့ကို အင်္ဂလိပ်မြို့ ဆာလစ်ဘာရီမှာ မတ်လ ၄ ရက်က ဓာတုအဆိပ်နဲ့ တိုက်ခိုက်မှုခဲ့တဲ့ လုပ်ရပ်ကို ကျွန်ုပ်တို့ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေက စက်ဆုပ်မိပါတယ်' လို့ ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ စစ်ဆေးတွေ့ရှိမှုတွေအရ ရုရှား ပါဝင်ပတ်သက်မှု ဖြစ်နိုင်ခြေများကြောင်း၊ ရုရှားအစိုးရက ၎င်းပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရဲရဲ့ တရားဝင် မေးမြန်းမှုကိုလည်း ရှင်းလင်းခဲ့ခြင်း မရှိဘူးလို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

play
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ လွှတ်တော်မှာ ရှင်းလင်းပြောကြားစဉ်


ဆာဂီစကရီပါးလ်နဲ့ သမီးဖြစ်သူတို့ကို သတ်ရန်ကြိုးပမ်းရမှာ အသုံးပြုခဲ့တဲ့ အာရုံကြောပျက်စီးစေတဲ့ Novichok ဓာတုအဆိပ်ဟာ စစ်ဘက်သုံးအဆင့်ဖြစ်ပြီး ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ရုရှားမှာ ထုပ်လုပ်ခဲ့တာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ရုရှားသူလျှိုဟောင်း ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နိုင်ငံမှထွက်ခွာသွားရန် နှင်ထုတ်ထားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက် မွန်းလွဲပိုင်းမှာ အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူ ယူလီယာတို့ကို ဆာလစ်ဘာမြို့ရှိ Maltings ဈေးဝယ်စင်တာအပြင်ဘက် ခုံတန်းလျားတစ်ခုမှာ သတိမေ့မြောနေတာ တွေ့ခဲ့ရပါတယ်။

play
ရုရှားသမ္မတ ဗလာဒီမာ ပူတင်


လန်ဒန်မြို့အနောက်ဘက် မိုင် ၉၀ အကွာမှာ တည်ရှိတဲ့ ဆာလစ်ဘာရီမြို့မှာ မထင်မရှားဖြင့် ဇာတ်မြှုပ်နေထိုင်နေတဲ့ ဆာဂီစကရီပါးလ်ဟာ ယခင် ရုရှား စစ်တပ်ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့မှုဖြင့် ၂၀၀၆ ခုနှစ်မှာ ရုရှားအစိုးရက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဆာဂီစကရီပါးလ်က ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ ရုရှားသူလျှိုတွေရဲ့ အချက်အလက်တွေကို ဗြိတိန် နိုင်ငံရပ်ခြားထောက်လှမ်းရေးဌာန MI6 ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆာဂီစကရီပါးလ်ဟာ ၂၀၁၀ ခုနှစ်မှာ အမေရိကန်နဲ့ရုရှားတို့ကြား သူလျှိုလဲလှယ်မှု အစီအစဉ်အရ ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

play
ဆာဂီစကရီပါးလ်နဲ့သမီးတို့ကို တွေ့ရှိရသည့်နေရာမှာ စစ်ဆေးနေစဉ်


လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေဆဲလို့ သိရပါတယ်။ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ သတိမေ့မြော လဲကျနေခဲ့တဲ့နေရာကို ပထမဆုံး ရောက်ရှိခဲ့သူ ရဲအရာရှိ နစ်ခ်ဘေလီလည်း အပြင်းအထန်း အခြေအနေဖြင့် နေမကောင်းဖြစ်ကာ ဆေးရုံတင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ရဲအရာရှိဟာ မိသားစုကို စကားပြောနိုင်ပြီလို့ ဆိုပါတယ်။

ဆာဂီစကရီပါးလ် (Sergei Skripal)

- ဗိုလ်မှူးကြီး ဆာဂီစကရီပါးလ်ဟာ ရုရှားစစ်တပ်ထောက်လှမ်းရေးအရာရှိ ဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့မှုဖြင့် ၂၀၀၆ ခုနှစ်အတွင်း ရုရှားအစိုးရက ၎င်းကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။

play
ရုရှားသူလျှိုဟောင်း ဆာဂီစကရီပါးလ်


- ဆာဂီစကရီပါးလ်က ဥရောပမှာ အသွင်ယူထောက်လှမ်းရေး လုပ်ဆောင်နေတဲ့ ရုရှားသူလျှိုတွေရဲ့ အချက်အလက်တွေကို ဗြိတိန်ထောက်လှမ်းရေး MI6 ထံ ပေးအပ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

- ၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အမေရိကန် FBI က ဖမ်းဆီးထားတဲ့ ရုရှားသူလျှို ၁၀ ဦးနဲ့ ရုရှားဘက်မှာ ဖမ်းဆီးထားတဲ့ သူလျှိုလေးဦးတို့ကို လဲလှယ်ခဲ့ရာမှာ ဆာဂီစကရီပါးလ်လည်း ပါဝင်ခဲ့ပြီး ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

- ၂၀၁၀ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာလေဆိပ်မှာ စစ်အေးခေတ်ပုံစံ ဖမ်းဆီးခံ သူလျှိုများလဲလှယ်ခဲ့ပြီးနောက် ဆာဂီစကရီပါးလ်ဟာ လန်ဒန်အနောက်ပိုင်းရှိ ဆာလစ်ဘာရီမြို့မှာ မထင်မရှား နေထိုင်ခဲ့တာ ရှစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

- ရုရှားသူလျှိုဟောင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်

- ရုရှားသူလျှိုဟောင်းကို အဆိပ်ခတ်သတ်ရန်လုပ်ဆောင်မှု ရုရှားလက်ချက် ဖြစ်နိုင်ခြေများဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ရုရှားသူလျှိုဟောင်းကိုသတ်ရန် အသုံးပြုခဲ့တဲ့ ဓာတုအဆိပ်ကို စားသောက်ဆိုင်မှာ တွေ့ရှိရ

အင်္ဂလန်မှာ ရုရှားသူလျှိုဟောင်းကို အာရုံကြောပျက်စီးစေတဲ့ အဆိပ်တစ်မျိုးသုံးပြီးသတ်ရန် ကြိုးပမ်းခဲ့

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD