AD
AD
AD

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှာ ကလေးနှစ်ဦးကြား ဗီဒီယိုဂိမ်းကိစ္စ အငြင်းပွားရာမှ အသက်ကိုးနှစ်အရွယ် ယောက်ျားလေးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် အစ်မဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။

play


စနေနေ့ (မတ်လ ၁၇ ရက်) မွန်းလွဲပိုင်းက မစ္စစ္စပီပြည်နယ် မွန်ရိုးကောင်တီရှိ တူပီလိုမြို့ နေအိမ်မှာရှိနေစဉ် အစ်မဖြစ်သူက ဗီဒီယိုဂိမ်းလက်ကိုင်စက်ကို မပေးခဲ့တာကြောင့် မောင်ဖြစ်သူ အသက်ကိုးနှစ်သားက သေနတ်တစ်လက်ယူလာပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယောက်ျားလေးက အစ်မဖြစ်သူကို အနောက်ဘက်မှ ပစ်ခတ်လိုက်ရာ သေနတ်ကျည်ဆန်မှာ မိန်းကလေးရဲ့ ဦးခေါင်းကိုထိမှန်ပြီး ဦးနှောက်အတွင်း ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ မိန်းကလေးဟာ အဆိုပါ သေနတ်ဒဏ်ရာဖြင့် Memphis ဆေးရုံမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ (မတ်လ ၁၉ ရက်) မှာ ပြောခဲ့ပါတယ်။

play


အစ်မကို ပစ်ခတ်ခဲ့တဲ့ ယောက်ျားလေးဟာ သေနတ်ကို မည်သို့ရလာခဲ့ကြောင်းနဲ့ ၎င်းကို မည်သို့ အရေးယူမည်ကို မသိရသေးပါဘူး။ အစ်မကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့ ယောက်ျားလေးဟာ အသက်ကိုးနှစ်အရွယ်သာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

"ဒီကလေးက သေနတ် ဘယ်လိုပစ်တယ်ဆိုတာကို ဗီဒီယိုဂိမ်း ဒါမှမဟုတ် တီဗီကနေ မြင်ထားခဲ့တယ်လို့ ယူဆရပါတယ်၊ သေနတ်နဲ့ပစ်လိုက်ရင် ဒီလိုဖြစ်မယ်ဆိုတာ သူ သေသေချာချာသိ မသိ မပြောနိုင်ပါဘူး၊ ဒီဖြစ်ရပ်က တစ်ကယ့် ကြေကွဲစရာ ဖြစ်ရပ်ဆိုးပါပဲ" လို့ မွန်းရိုးကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ စီစီလ်ကန်ထရယ်လ်က မစ္စစ္စပီပြည်နယ်မှ Clarion Ledger သတင်းစာကို ပြောခဲ့ပါတယ်။

play


ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကလေးနှစ်ဦးရဲ့မိခင်က နေအိမ်ရှိ နောက်ထပ် အခန်းတစ်ခန်းမှာ အခြားကလေးတွေကို နေ့လယ်စာကျွေးနေခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က အသက်ကိုးနှစ်အရွယ် ယောက်ျားလေးဟာ ပစ္စတိုသေနတ် (.25 calibre handgun) ကို မည်သို့ရရှိခဲ့မှု အပါအဝင် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့ အကြီးအကဲ ကန်ထရယ်လ်က "ဒီဖြစ်ရပ်က ကျွန်တော်တို့အတွက် အရင်တုန်းက မကြုံခဲ့ဖူးတာမျိုးပါပဲ၊ ဒီလောက် အသက်အရွယ် ကလေးတစ်ယောက်က အခြားကလေးတစ်ယောက်ကို ပစ်ခတ်မှုကို ဖြေရှင်းရတာ မရှိခဲ့ဖူးပါဘူး" လို့ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD