AD
AD
AD

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှ ရဲတပ်ဖွဲ့အရာရှိတစ်ဦးကို လက်နက်မဲ့ သြစတြေးလျအမျိုးသမီးအား ပစ်သတ်ခဲ့မှုအတွက် မတ်လ ၂၀ ရက်မှာ လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပါတယ်။

ယမန်နှစ် ဇူလိုင်လအတွင်း အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အပေါ် နိုင်ငံတာက ကန့်ကွက်မှုတွေလည်း ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပါတယ်။

play
ရဲအရာရှိ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဂျက်စတင်ဒိုင်းမွန်း


မင်နီယာပိုလစ်မြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် သြစတြေးလျအမျိုးသမီး ဂျက်စတင်ဒိုင်းမွန်းက အခင်းဖြစ်တဲ့ ညပိုင်းအချိန်မှာ မုဒိမ်းမှုဖြစ်နိုင်ဖွယ်ရှိတဲ့ ဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ ဖုန်းဆက်သတင်းပေးခဲ့ပါတယ်။

ထို့နောက် စုံစမ်းစစ်ဆေးရန် ရောက်ရှိလာတဲ့ ရဲကားအနီးကို ချဉ်းကပ်သွားခဲ့တဲ့ ဂျက်စတင်ဒိုင်းမွန်းအား ကားပေါ်မှာရှိနေခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ရဲအရာရှိ မိုဟမ်မက်နူးရ်က ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

play
ရဲအရာရှိ မိုဟမ်မက်နူးရ်


"ဂျက်စတင်ဒိုင်းမွန်းက ရဲကားအနားကို ချဉ်းကပ်လာချိန်မှာ ရဲအရာရှိနူးရ်က သေစေနိုင်လောက်တဲ့နေရာကို ပစ်ခတ်ခဲ့ပါတယ်၊ ဒီဖြစ်ရပ်မှာ ရဲအရာရှိနူးရ်ကို ခြိမ်းခြောက်မှုတစ်ခုခုရှိခဲ့တဲ့ သက်သေအထောက်အထားလည်း မတွေ့ရပါဘူး၊ ဒီအချက်တွေကြောင့် သူရဲ့ဆုံးဖြတ်ချက်က သေစေနိုင်လောက်အောင် ပစ်ခတ်ဖို့ဖြစ်ခဲ့ကြောင်း ကောက်ချက်ချရပါတယ်" လို့ Hennepin ကောင်တီမှ ရှေ့နေ မိုက်ဖရီးမန်းက ပြောခဲ့ပါတယ်။

play
ဂျက်စတင်ဒိုင်းမွန်းနှင့် သူမ၏ အတူနေချစ်သူ


ရဲအရာရှိနူးရ်ရဲ့ ရှေ့နေကတော့ ၎င်းရဲ့အမှုသည်ဟာ ရဲတပ်ဖွဲ့လေ့ကျင့်မှုအတွင်း သင်ကြားထားခဲ့ရတဲ့အတိုင်း လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ချေပထားခဲ့ပါတယ်။

ပစ်ခတ်ခံရပြီးနောက် သြစတြေးလျအမျိုးသမီး ဂျက်စတင်ဒိုင်းမွန်းက သူမရဲ့ဝမ်းဗိုက်နေရာမှ သေနတ်ဒဏ်ရာ လက်ဖြင့်ဖိထားပြီး 'ကျွန်မ သေတော့မယ်' သို့မဟုတ် 'ကျွန်မ သေပါပြီ' လို့ ပြောခဲ့ကြောင်း ရှေ့နေမိုက်ဖရီးမန်းက ဆိုပါတယ်။

သြစတြေးလျအမျိုးသမီးကို အသေပစ်သတ်ခဲ့တဲ့ အမေရိကန် ရဲတပ်ဖွဲ့အရာရှိအား တတိယဒီဂရီ လူသတ်မှုနဲ့ ဒုတိယဒီဂရီ လူသေမှုတို့ဖြင့် စွဲချက်တင်လိုက်ပါတယ်။ ထိုအမှုများအရ အမြင့်ဆုံးထောင်ဒဏ် ၂၅ နှစ်နဲ့ ၁၀ နှစ်စီ အသီးသီး ကျခံရနိုင်ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD