AD
AD
AD

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အမေရိကန်အစိုးရက အရေးယူပိတ်ဆိုမှုများ ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၁၅ ရက်မှာ ပြောပါတယ်။

play
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိဗ်အမ်နူချင်


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိဗ်အမ်နူချင်က ရုရှားအစိုးရ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ကို ၎င်းတို့ရဲ့ မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်မှုများအတွက် အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးဝန်ကြီးက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားမယ့် အချိန်ကာလကိုတော့ ပြောခဲ့ခြင်းမရှိဘဲ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်ဘဏ္ဍာရေးစနစ် ချိတ်ဆက်မှုကို ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

play


အမေရိကန်က အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်မှုတွေအနက် ရုရှားအဖွဲ့အစည်းငါးခုနဲ့ လူပုဂ္ဂိုလ် ၁၉ ဦး ပါဝင်ပါတယ်။ အမေရိကန်က အရေးယူပိတ်ဆို့လိုက်တဲ့ အဖွဲ့အစည်းတွေမှာ ရုရှားထောက်လှမ်းရေးဌာန၊ စစ်တပ်ထောက်လှမ်းရေးဌာနတို့လည်း ပါဝင်ပါတယ်။ လူပုဂ္ဂိုလ်တွေအနက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးမှုရှိတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် Yevgeny Prigozhin လည်း ပါဝင်ကြောင်း သိရပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ယခုထုတ်ပြန်လိုက်တဲ့ အရေးယူပိတ်ဆို့မှုစာရင်းမှာ ရွေးကောက်ပွဲကို ရုရှားဝင်ရောက်စွက်ဖက်မှုအပေါ် စုံစမ်းစစ်ဆေးနေတဲ့ တရားစီရင်ရေးဌာန အထူးရှေ့နေ ရောဘတ်မူလာက စွဲချက်တင်ထားခဲ့တဲ့ ရုရှားနိုင်ငံသား ၁၃ ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံကတော့ အမေရိကန်ရွေးကောက်ပွဲမှာ ဆိုက်ဘာတိုက်ခိုက်မှု အပါအဝင် ဝင်ရောက်စွက်ဖက်တဲ့ လုပ်ဆောင်မှုများနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD