AD
AD
AD

မြောက်ကိုရီးယားနိုင်ငံကသာ နျူကလီးယားလက်နက်များ စွန့်လွှတ်ဖျက်သိမ်းခဲ့ပါက အမေရိကန်ကုမ္ပဏီတွေကို မြောက်ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံခွင့်နဲ့ မြောက်ကိုရီးယားအတွက် လုံခြုံရေးအာမခံမှုတို့ ကမ်းလှမ်းသွားရန် အမေရိကန်က ပြင်ဆင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက တနင်္ဂနွေနေ့ (မေလ ၁၃ ရက်) မှာ ပြောကြားလိုက်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် မိုက်ခ်ပွန်မ်ပီအိုတို့ တွေ့ဆုံခဲ့စဉ်


ထိုသို့ကမ်းလှမ်းမှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် လုံးဝ ဖျက်သိမ်းမှုအခြေအနေအပေါ် မူတည်နေကြောင်းလည်း Fox News နဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းစွာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကို ပြန်လည်တည်ဆောက်ရေးမှာ ကူညီသွားရန်အတွက် နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေး အမေရိကန်ရဲ့တောင်းဆိုမှုဟာ ပြုံယမ်းအစိုးရအနေနဲ့ မည်သည့်အခါကမျှ ဆန္ဒမရှိခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

play
မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု


နျူကလီးယားလက်နက် ပိုင်ဆိုင်းထားခြင်းက ၎င်းရဲ့ ပြိုင်ဘက်နိုင်ငံတွေထံမှ လုံခြုံရေးခြိမ်းခြောက်မှုကို အာမခံချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ယူဆထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့သွားရောက်ကာ ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့သေးကြောင်းလည်း သိရပါတယ်။

အဆိုပါခရီးစဉ်မှ ပြန်ရောက်လာစဉ်ကလည်း ကင်မ်ဂျုံအန်က နျူကလီးယားလက်နက် စွန့်လွှတ်ခဲ့ပါက မြောက်ကိုရီးယားကို စီးပွားရေး ပြန်လည်ကောင်းမွန်ပြီး ချမ်းသာကြွယ်ဝလာစေရန် အမေရိကန်က ကူညီသွားမယ်လို့လည်း မိုက်ခ်ပွန်မ်ပီအိုက ပြောထားခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကိုလည်း စင်ကာပူနိုင်ငံမှာ လာမယ့် ဇွန်လ ၁၂ ရက်မှာ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

ယခုနှစ်အတွင်း သံတမန်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာတဲ့ မြောက်ကိုရီးယားက ၎င်းရဲ့ Punggye-ri နျူကလီးယားစမ်းသပ်စခန်းကိုလည်း မေလ ၂၃ ရက်နဲ့ ၁၅ ရက်ကြားမှာ ဖျက်သိမ်းသွားမယ်လို့ ကြေညာထားပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်စခန်း တည်နေရာပြမြေပုံ


နျူကလီးယားစမ်းသပ်စခန်း ဖျက်သိမ်းမှုကို အခမ်းအနားဖြင့် ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံခြားသတင်းထောက်တွေကို မျက်မြင်သက်သေအဖြစ် ဖိတ်ခေါ်ပြသသွားမယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်မှစပြီး နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တောင်ကိုရီးယားက ကမ္ဘာ့စီးပွားရေးမှာ ထိပ်တန်းဦးဆောင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သို့သော် မြောက်ကိုရီးယားကတော့ အစိုးရရဲ့ စီမံခန့်ခွဲပုံမှားယွင်းမှုနဲ့ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျနေခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း ထိပ်သီးတွေ့ဆုံမှု


မြောက်ကိုရီးယားဟာ ယခုနှစ် အစောပိုင်းမှစပြီး တောင်ကိုရီးယားနဲ့လည်း ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ပြီး ဧပြီ ၂၇ ရက်မှာ ကိုရီးယားနှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ ၁၉၅-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေတဲ့ မိသားစုများ ပြန်လည်ပေါင်းစည်းရေး အပါအဝင် သဘောတူညီမှုတွေ ရခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD