AD
AD
AD

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ စိုက်ပျိုးမွေးမြူးရေးခြံတစ်ခြံမှ ကြက်ဥ ၂၀၇ သန်းနီးပါးကို အစာအဆိပ်သင့်ပိုး ပါရှိနေနိုင်တာကြောင့် ဈေးကွက်မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က ပြောပါတယ်။

play


ကြက်ဥစားသုံးမှုနဲ့ ဆက်နွယ်ပြီး ပြည်နယ်ကိုးခုမှာ လူ ၂၂ ဦး နေမကောင်းဖြစ်ခဲ့ပြီးနောက် အစာအဆိပ်သင့်ပိုး ပါရှိနေနိုင်တဲ့ ကြက်ဥတွေကို ပြန်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ယခု ကြက်ဥများကို ပြန်လည်သိမ်းဆည်းရမှုဟာ အမေရိကန်မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ Food Safety News ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

အဆိုပါ ကြက်ဥတွေမှာ အစာအဆိပ်သင့်ပိုး (salmonella) ပါရှိနေနိုင်ကြောင်းနဲ့ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားနည်းသူတွေမှာ အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ အစာအဆိပ်သင့်မှု ဖြစ်စေနိုင်ကြောင်း FDA က ဧပြီ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

play


ကြက်ဥတွေကို Rose Acre Farms of Seymour ကုမ္ပဏီက FDA ရဲ့ ညွန်ကြားချက်အရ ပြန်လည် သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။ ပြန်လည်သိမ်းဆည်းခဲ့ရတဲ့ ကြက်ဥတွေကို မြောက်ကာရိုလိုင်းနားပြည်နယ် Hyde County ရှိ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံမှ ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး အဆိုပါခြံမှာ တစ်နေ့လျှင် ကြက်မအကောင်ရေ ၃ သန်းထံမှ ကြက်ဥ ၂.၃ သန်း ရရှိနေပါတယ်။

အဆိုပါ စိုက်ပျိုးမွေးမြူရေးခြံမှ ကြက်ဥတွေကို ဖလော်ရီဒါ၊ နယူးယော့ခ်၊ ပင်ဆယ်လ်ဗေးနီးယား၊ မြောက်ကာရိုလိုင်းနား၊ နယူးဂျာစီ၊ ဗာဂျီးနီးယား၊ ကော်လိုရာဒို၊ တောင်ကာရိုလိုင်းနားနဲ့ အနောက်ဗာဂျီးရီးယား ပြည်နယ်များမှာ ဖြန့်ချိထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD