AD
AD
AD

ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှု ဖြစ်ပွားခဲ့မှု တစ်လပြည့်မြောက်တဲ့ မတ်လ ၁၄ ရက်မှာ အမေရိကန်တစ်ဝှမ်းရှိ ကျောင်းသူကျောင်းသားများ၊ ကျောင်းဝန်ထမ်းများက အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

play


ကျောင်းသူကျောင်းသားတွေက ဖလ်ာရီဒါပြည်နယ် Marjory Stoneman Douglas အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၁၇ ဦးကို အမှတ်ရမှုအဖြစ် စာသင်ကြားမှုကို ၁၇ မိနစ်ကြာ ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားတွေက ဘောလုံးကွင်းထဲမှာ စုစည်းကြတာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်နှစ်သိမ့်ရင် ဖြစ်ရပ်ဆိုးကို အမှတ်ရခဲ့ကြပါတယ်။ စာသင်ကျောင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုကို ဦးဆောင်စီစဉ်သူတွေက အမေရိကန်လွှတ်တော်က သေနတ်အကြမ်းဖက်မှုတွေကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။

play


စာသင်ကျောင်းပစ်ခတ်မှုများ ဟန့်တားရေးအစဉ်တစ်ခုကို အိမ်ဖြူတော်က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ရာ သမ္မတဒေါ်နယ်ထရန့် အကြိမ်ကြိမ် တောင်းဆိုနေခဲ့တဲ့ semi-automatic ရိုင်ဖယ်သေနတ်များ ဝယ်ယူနိုင်တဲ့ အသက်ကန့်သတ်ချက်ကို ၂၁ နှစ်သို့ တိုးမြှင့်သတ်မှတ်မှု မပါဝင်လာခဲ့ပါဘူး။ ထိုအစား သမ္မတထရန့် အဆိုပြုခဲ့ပြီး အငြင်းပွားမှုရှိနေတဲ့ စာသင်ကျောင်းဝန်ထမ်းတွေကို လက်နက်သင်တန်းပေးသွားမယ့် အစီအစဉ် ပါဝင်တယ်လို့ ဆိုပါတယ်။

play


မတ်လ ၁၄ ရက်က ကျောင်းသူကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှုတွေကို အမေရိကန်အရှေ့ပိုင်းမှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှစတင်ခဲ့ပြီး အနောက်ပိုင်းနေရာတွေမှာလည်း ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းသူကျောင်းသားတွေ ပါဝင်တဲ့ National School Walkout ဆန္ဒပြမှုကို စီစဉ်သူတွေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ် အမျိုးသမီးများ ကန့်ကွက်ဆန္ဒပြမှုကို ဦးဆောင်စီစဉ်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

play


ယခုပြုလုပ်ခဲ့တဲ့ National School Walkout ဆန္ဒပြပွဲမှာ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များ၊ မိဘများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်က ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၃ ဦး သေဆုံးခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် Columbine အထက်တန်းကျောင်းမှာလည်း လမ်းလျှောက်ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Parkland မှာ ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားများက Majory Stoneman Douglas အထက်တန်းကျောင်း ဘောလုံးကွင်းကို ချီတက်ကြရာ မိသားစုများနဲ့ အားပေးထောက်ခံသူတွေက လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

play


ဝါရှင်တန်ဒီစီမှာလည်း သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာ ကျောင်းသူကျောင်းသားများ စုရုံးခဲ့ကြပြီး 'လူတွေကို ကာကွယ်ပါ၊ သေနတ်တွေကို မဟုတ်ဘူး'၊ 'နောက်တစ်ကြိမ် ဘယ်တော့မှမဖြစ်စေရ' အစရှိတဲ့ စာများရေးသားတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသူကျောင်းသားအချို့ကတော့ လွှတ်တော်အဆောက်အအုံမှာ စုံရုံးခဲ့ကြပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှ ဒီမိုကရက်တစ်ခေါင်းဆောင် Chuck Schumer နဲ့ Nancy Pelosi တို့ မိန့်ခွန်းပြောခဲ့ပါတယ်။ နယူးဂျာစီပြည်နယ် Cherry Hill မှာလည်း ကျောင်းသူကျောင်းသားတွေက အသဲပုံသဏ္ဍန်အဖြစ် ပုံဖော်ရပ်နေခဲ့ကြပြီး Parkland အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေကို အမှတ်တရ ပြုလုပ်ခဲ့ကြပါတယ်။

play


နယူးယော့ခ်မှာလည်း Fiorello H LaGuardia အထက်တန်းကျောင်းမှ ရာနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေက သေနတ်ထိန်းချုပ်ရေးလှုပ်ရှားမှုအရောင်ဖြစ်တဲ့ လိမ္မော်ရောင်ဝတ်စုံတွေ အများအပြား ဝတ်ဆင်လာခဲ့ကြပြီး မန်ဟတ်တန်လမ်းမတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

Marjory Stoneman Douglas အထက်တန်းကျောင်း ပစ်ခတ်မှု

ဖေဖေါ်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် နီကိုလက်စ် ခရုဇ်အမည်ရှိ ကျောင်းသားက ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ခရုဇ်က AR-15 ရိုင်ဖယ်သေနတ်နဲ့ ကျည်ဆန်အများအပြား ယူဆောင်လာခဲ့ပြီး အထက်တန်းကျောင်းဝင်းထဲမှာ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ကျောင်းအဆောက်အအုံထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play
နီကိုလက်စ် ခရုဇ်ကို တရားရုံးမှာ တွေ့ရစဉ်


ခရုဇ်ကို စာသင်ကျောင်းပစ်ခတ်မှုဖြစ်ပြီးနောက် အနီးအနားရှိ Coral Springs မြို့ငယ်မှာ ဒဏ်ရာအနည်းငယ်ဖြင့် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိမှာ ၎င်းကို လူသတ်မှု ၁၇ မှုဖြင့် စွဲချက်တင်ထားပြီး တရားရုံးကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှုဟာ ၂၀၁၂ ခုနှစ်က Connecticut ပြည်နယ် နယူးတောင်းရှိ Sandy Hook မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနောက်ပိုင်း လူသေဆုံးမှုအများဆုံး စာသင်ကျောင်းပစ်ခတ်မှုလည်း ဖြစ်လာပါတယ်။

Sandy Hook မူလတန်ကျောင်း ပစ်ခတ်မှုအတွင်း ကလေး ၂၀ ဦးနဲ့ လူကြီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း စာသင်ကျောင်းပစ်ခတ်မှု ၂၂ ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ -

- နှစ် ၂၀ အတွင်း အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုများ

- ပစ်ခတ်မှုတွေကို ဟန့်တားနိုင်ရန် ဆရာ၊ ဆရာမတွေ လက်နက်ကိုင်သင့်ကြောင်း ထရန့် အကြံပြု

- ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှုကို ဆယ်ကျော်သက်က ဝန်ခံထွက်ဆို

- ဖလော်ရီဒါပစ်ခတ်မှုဖြစ်ပွားစဉ် တာဝန်ကျရဲအရာရှိက သေနတ်သမားကို ရင်ဆိုင်ဟန့်တားခြင်းမရှိခဲ့

- အမေရိကမှာ သေနတ်ထိန်းချုပ်ရေးဥပဒေပြဌာန်းဖို့ ဦးဆောင်ကြိုးစားနေတဲ့ ကျောင်းသူလေး

- ဖလော်ရီဒါပစ်ခတ်မှုမှာ အသက်ရှင်ခဲ့တဲ့ ကျောင်းသူကျောင်းသားများ ဝါရှင်တန်ကို ချီတက်ဆန္ဒပြမည်

- ဖလော်ရီဒါ စာသင်ကျောင်းပစ်ခတ်မှုမှ သေနတ်သမားနဲ့ပတ်သက်ပြီး FBI ထံ သတင်းပေးမှုရှိခဲ့

- ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၇ ဦး သေဆုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD