International News: ဗီဒီယိုမျှဝေတဲ့ ဝန်ဆောင်မှု Vine ကို တွစ်တာ ပိတ်သိမ်းမည်

တွစ်တာက Vine ကို ဝယ်ယူခဲ့ပြီး အသုံးပြုသူတွေကို ပိုမိုဆွဲဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ပေမဲ့ ထင်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သုံးသပ်မှုအချို့လည်း ရှိခဲ့ပါတယ်။

play


ဗီဒီယိုများမျှဝေတဲ့ ဝန်ဆောင်မှု Vine ကို ပိတ်သိမ်းသွားတော့မယ်လို့ တွစ်တာက ကြေညာလိုက်ပါတယ်။ Vine ကို စတင်ခဲ့မှု လေးနှစ်ခန့်ကြာပြီးနောက် ပိတ်သိမ်းရန် တွစ်တာက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play


တွစ်တာရဲ့ Vine မှာ အသုံးပြုသူတွေက ၆ စက္ကန့်ကြာ ဗီဒီယိုများ မျှဝေနိုင်ပါတယ်။ Vine ကို ပိတ်သိမ်းတဲ့ အကြောင်းရင်းကို တွစ်တာက မပြောခဲ့ပေမဲ့ ဆိုရှယ်နက်ဝပ်ခ်နယ်ပယ်မှာ တိုးတက်မှု နှေးကွေးလာတာကြောင့် ၎င်းရဲ့ ဝန်ထမ်းအင်အား ၉ ရာခိုင်နှုန်းကို လျှော့ချသွားမယ်လို့ ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

play


လာမယ့် လအနည်းငယ်မှာ Vine မိုဘိုင်းအက်ပလီကေးရှင်း ဝန်ဆောင်မှုကို ဆက်လက် လုပ်ကိုင်တော့မှာ မဟုတ်ကြောင်း တွစ်တာက ၎င်းရဲ့ဘလော့မှာ ရေးသားဖော်ပြထားပါတယ်။

play


တွစ်တာက Vine ကို ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့ပြီး အသုံးပြုသူတွေကို ပိုမိုဆွဲဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ပေမဲ့ ထင်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သုံးသပ်မှုအချို့လည်း ရှိခဲ့ပါတယ်။
Source & Photo: Independent, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ