AD
AD
AD

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အနောက်မြောက်ပိုင်းရှိ Walmart အရောင်းဆိုင်တစ်ဆိုင်ရဲ့ ကားပါကင်မှာ ကားမောင်းသူကိုပစ်ခတ်ပြီး ကားလုယူရန်ကြိုးပမ်းတဲ့ သေနတ်သမားကို ဈေးလာဝယ်သူတစ်ဦးက ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

play


သံသယရှိသူ သေနတ်သမားဟာ ပထမကားတစ်စီးကို ရယူရန်ကြိုးပမ်းခဲ့စဉ် ကားမောင်းသူကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားကို ပစ်သတ်ခဲ့သူ အမည်မသိ ဈေးဝယ်သူဟာ သူရဲကောင်းတစ်ဦး ဖြစ်တယ်လို့ Tumwater မြို့ရှိ Walmart ဆိုင်မှာ ဈေးလာဝယ်သူ အခြားတစ်ဦးက ချီးကျူးခဲ့ပါတယ်။

"အဲဒီ ဈေးဝယ်သူကသာ ဒီလို မလုပ်ခဲ့ရင် ဘာတွေဖြစ်မလဲတောင် မသိနိုင်ဘူး၊ လူတွေအများကြီး ပစ်ခတ်ခံရနိုင်တယ်" လို့ အခြားဈေးဝယ်တစ်ဦးက ပြောပါတယ်။ တနင်္ဂနွေနေ့ (ဇွန်လ ၁၇ ရက်) ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရာဇဝတ်မှုတွေ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီး လော်ရာကဆိုပါတယ်။

play
Walmart မှာ ဈေးလာဝယ်သူက ပစ်သတ်ခဲ့သည့် သေနတ်သမား

 
အရက်မူးနေသူဖြစ်နိုင်တဲ့ ကားမောင်းသမားတစ်ဦးက လမ်းပြောင်းပြန်မောင်းသွားကြောင်း သတင်းပေးပို့မှုကို ရဲတပ်ဖွဲ့က စတင်ရရှိခဲ့ကြောင်း သိရပါတယ်။ ထို့နောက် မိနစ်ပိုင်းအကြာမှာ အထက်တန်းကျောင်းတစ်ကျောင်းအနီး ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းများရရှိခဲ့ပြီး ထိုနေရာမှာ ကားလုယက်ခံရပြီး ဒဏ်ရာရထားတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့က တွေ့ခဲ့ရပါတယ်။

play


ဆယ်ကျော်သက်မိန်းကလေးရဲ့ ဒဏ်ရာဟာ မပြင်းထန်ကြောင်းနဲ့ ထိုနေရာမှာပင် သူမကို ကုသပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆက်လက်ပြီး ညနေ ၅ နာရီခွဲဝန်းကျင်မှာ သံသယရှိသူက Walmart Suprcenter စတိုင်းဆိုထဲကို ဝင်ရောက်သွားခဲ့ပြီး ပစ္စည်းများပြသထားတဲ့ ကောင်တာတစ်ခုကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။

ထို့နောက် ဆိုင်အပြင်ဘက်ကို ပြန်ထွက်လာခဲ့ပြီး ကားပါကင်ရှိ ကားတစ်စီးကို ရယူရန်ကြိုးပမ်းခဲ့ရာ ကားမောင်းသူက မလိုက်လျောခဲ့ရာ သေနတ်သမားက ၎င်းကို နှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သမားက နောက်ထပ် ကားတစ်စီးကိုရယူရန် ထပ်မံကြိုးပမ်ခဲ့ပါသေးတယ်။

play


သေနတ်သမားးက ကားမောင်းသူကို ပစ်ခတ်ခဲ့ပြီးနောက် အနီးအနားရှိ လူနှစ်ဦးက ၎င်းတို့ရဲ့ပစ္စတိုတွေ ဆွဲထုတ်ကာ တစ်ဦးက အဆိုပါ သေနတ်သမားကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်ခံခဲ့တဲ့ ကားမောင်းသူကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးဝယ်သူက ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ သံသယရှိသူ သေနတ်သမားဟာ တမ်ဒေးဆိုသူဖြစ်ပြီး ရာဇဝတ်မှုများဖြင့် အကြိမ်ကြိမ် ထောင်ဒဏ်ချမှတ်ခံရဖူးသူလည်းဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

ယမန်နှစ် နိုဝင်ဘာ ၁ ရက်မှာလည်း အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် သွန်တန်မြို့(Thornton) မြို့ရှိ Walmart အရောင်းဆိုင်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD