International News: WhatsApp သုံးပြီး ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်ပြီ

, updated

WhatsApp ရဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုဟာ ခေါ်ဆိုသူအချင်းချင်းသာ လုံခြုံစိတ်ချစွာဖြင့် ပြောဆိုနိုင်ပြီး ကြားဖြတ် ခိုးနားထောင်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

play


ကမ္ဘာကျော် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်က ပိုင်ဆိုင်တဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်း WhatsApp မှာ ဗီဒီယိုဖုန်းခေါ်ဆိုတဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ပြောပါတယ်။ WhatsApp ရဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုဟာ ခေါ်ဆိုသူအချင်းချင်းသာ လုံခြုံစိတ်ချစွာဖြင့် ပြောဆိုနိုင်ပြီး ကြားဖြတ် ခိုးနားထောင်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

play


WhatsApp က ဆက်သွယ်သူအချင်းချင်းသာ ဖတ်ရှုနိုင်၊ နားထောင်နိုင်ပြီး ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေက ကြားဖြတ် ဖတ်ရှုနားထောင်နိုင်ခြင်း မရှိတဲ့ နည်းပညာကို ယခုနှစ်အစောပိုင်းက စတင်မိတ်ဆက်ခဲ့ပါတယ်။ WhatsApp ဖြင့် ဗီဒီယိုဖုန်း ခေါ်ဆိုင်နိုင်မှုကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း ပူးတွဲတည်ထောင်သူ ဂျန်ကွမ်က အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

play
WhasApp ပူးတွဲတည်ထောင်သူ ဂျန်ကွမ်


၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ WhatsApp ကို ၂၀၁၄ ခုနှစ်မှာ ဖေ့စ်ဘွတ်က ဝယ်ယူလိုက်ပြီးနောက် လက်ရှိမှာ ဝန်ထမ်း ၂၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေပါတယ်။ ဖေ့စ်ဘွတ်က ဝယ်ယူလိုက်ပြီးနောက် နည်းပညာပိုင်းနဲ့ အသုံးပြုသူဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်တဲ့ ဖေ့စ်ဘွတ်မှ ဝန်ထမ်း ၅၀ အထိကို WhatsApp ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်က ဝယ်ယူခဲ့ပြီးနောက်ပိုင်း အသုံးပြုသူ ပိုမိုများပြားလာခဲ့ပြီး လက်ရှိမှ ကမ္ဘာတစ်ဝန်း WhatsApp အသုံးပြုနေသူ တစ်ဘီလီယံကျော် ရှိနေကြောင်း သိရပါတယ်။
Source & Photo: Engadget, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ