International News: ဇီကာကို ကျန်းမာရေးဆိုင် အရေးပေါ်အခြေအနေ သတ်မှတ်ထားမှု WHO ရုပ်သိမ်း

ဇီကာဗိုင်းရပ်စ်ဟာ သတိထားရမယ့် ရေရှည်ပြဿနာအဖြစ် ရှိနေဆဲဖြစ်ပေမဲ့ ကျန်းမာရေးဆိုင်ရာ တစ်ကမ္ဘာလုံးအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်း WHO က ပြောပါတယ်။

play


ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားခြင်းမှ ရုပ်သိမ်းလိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) က ကြေညာခဲ့ပါတယ်။

ဇီကာကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်ခဲ့တဲ့ ဘရာဇီးနိုင်ငံကတော့ WHO ရဲ့ ကြေညာချက်အတိုင်း ဇီကာဗိုင်းရပ်စ်ကို ကျန်းမာရေးပြဿနာ အဆင့်လျှော့ချခြင်းအပေါ် ငြင်းဆန်ခဲ့ပါတယ်။

play


ဇီကာဗိုင်းရပ်စ်ဟာ သတိထားရမယ့် ရေရှည်ပြဿနာအဖြစ် ရှိနေဆဲဖြစ်ပေမဲ့ ကျန်းမာရေးဆိုင်ရာ တစ်ကမ္ဘာလုံးအတွက် အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်း WHO ရဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာရေးကော်မတီ အကြီးအကဲ ဒေါက်တာဒေးဗစ်ဟေးမန်းက ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကိုက်ခံရခြင်းမှ အဓိက ကူးစက်ခံရနိုင်ပြီး ဇီကာကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မှ မွေးဖွားလာတဲ့ ကလေးဟာ Microcephaly ခေါ် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါဖြစ်ပွားပြီး ဦးခေါင်းသေးနေပါတယ်။ မကြာသေးမီ လပိုင်းအတွင်းက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုများ အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း တွေ့ရှိလာရကြောင်း သိရပါတယ်။
Souce & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ