International News: ဖုန်းWi-Fiကို Samsung Galaxy Note 7 လို့ ပေးထားသူကြောင့် လေယာဉ်ခရီးစဉ်ကြန့်ကြာခဲ့ရ

လေယာဉ်ကိုလမ်းကြောင်းပြောင်းမှာဖြစ်ကြောင်း ခြောက်လှန့်အကြပ်ကိုင်လိုက်တော့မှ Wi-Fi hotspot အမည်က ပြောင်းလဲသွားပါတယ်။

play

 

Virgin America လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးဟာ ပျံသန်းနေစဉ်အတွင်း Samsung Galaxy Note 7 ဆိုတဲ့ Wi-Fi hotspot ကို လေယာဉ်ပေါ်မှာတွေ့ရှိပြီးနောက် ခရီးစဉ်နှောင့်နှေးခဲ့ရပါတယ်။ လေယာဉ်ဝန်ထမ်းတစ်ဦးဟာ Samsung Galaxy Note7_1097 လို့အမည်ပေးထားတဲ့ wifi hotspot ကို တွေ့ရှိပြီးနောက် လေယာဉ်မှူးကိုအကြောင်းကြားခဲ့ပါတယ်။

play

 

အဲ့ဒီနောက် လေယာဉ်ပေါ်မှာ Galaxy Note 7 ပါလာရင် အကြောင်းကြားဖို့ ပြောခဲ့ပေမဲ့ ဘယ်သူကမှ ဝန်မခံခဲ့ပါဘူး။ လေယာဉ်မှူးက Galaxy Note 7 ဖုန်းပိုင်ရှင် ဘယ်သူဆိုတာမပြောရင် လေယာဉ်ကိုလမ်းကြောင်းပြောင်းမှာဖြစ်ကြောင်း ခြောက်လှန့်အကြပ်ကိုင်လိုက်တော့မှ Wi-Fi hotspot အမည်က ပြောင်းလဲသွားပါတယ်။

play

 

Samsung ကုမ္ပဏီထုတ် Galaxy Note 7 ဖုန်းတွေဟာ မီးလောင်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် မည်သည့်လေယာဉ်ကမျှ ယူဆောင်လာခွင့်မပြုတော့သလို ကုမ္ပဏီကလည်း ဖုန်းတွေကို ပြန်လည်သိမ်းယူခဲ့ပါတယ်။

Source : Business Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ