AD
AD
AD

တွန်ဂါနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အားအကောင်းဆုံး ဆိုင်ကလုန်းမုန်တိုင်း ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) ညပိုင်းမှစပြီး ဝင်ရောက်တိုက်ခတ်ခဲ့ရာ  လွှတ်တော်အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

play
ပျက်စီးသွားသည့် တွန်ဂါ လွှတ်တော်အဆောက်အအုံ


ပြင်းအားအဆင့် ၄ (Category 4) အထိ အားကောင်းတဲ့ ဆိုင်းကလုန်းဂီတာ (Gita) က ယမန်နေ့ ညလုံးပေါက်နဲ့ ယနေ့ (ဖေဖေါ်ဝါရီ ၁၃ ရက်) မနက်အစောပိုင်းအထိ ဆက်လက် တိုက်ခတ်နေခဲ့ပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ပြီး နေအိမ်အမိုးများ ပျက်စီးခဲ့ပြီး ရေကြီးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

တွန်ဂါအစိုးရက မုန်တိုင်းမတိုက်ခတ်မီ အရေးပေါ် အခြေအနေထုတ်ပြန်ပြီး ယာယီခိုလှုံရေးစခန်းများ ဖွင့်လှစ်ခဲ့ကာ မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။

play


"လေတိုက်နှုန်းက ကြောက်စရာကောင်းအောင်ပြင်းထန်ပြီး တဝေါဝေါနဲ့ အသံကြားနေရတယ်၊ မုန်တိုင်းတိုက်လို့ နေအိမ်အမိုးတွေလန်ပြီး လွင့်ထွက်ကုန်တဲ့အသံတွေလည်း ကြားခဲ့ရတယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူ မေရီက Radio New Zealand ကို ပြောခဲ့ပါတယ်။

"နေအိမ်အမိုးတွေ ပျက်စီးပြီး အနီးအနားမှာ ပြန့်ကျဲနေတာနဲ့ လူတွေက လမ်းတစ်လျှောက် အပျက်အစီးတွေထဲမှာ ရှာဖွေနေကြတာ တွေ့ရပါတယ်၊ မနေ့ညတုန်းကတော့ လူအများအပြား စိုးရိမ်ကြောက်လန့်ခဲ့ကြရတယ်လို့ ထင်ပါတယ်" လို့လည်း ဆက်လက် ပြောပါတယ်။

play


ဆိုင်းကလုန်းဂီတာဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၄ မိုင်ဖြင့် တွန်ဂါကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းမှတ်တမ်းတွေ စတင်ပြုစုခဲ့တဲ့အချိန်မှ ယခုအချိန်ထိ တွန်ဂါမှာ အားအကောင်းဆုံး မုန်တိုင်းဖြစ်ခဲ့ကြောင်း ဗြိတိန် မိုးလေဝသဌာနက ဆိုပါတယ်။

play


မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တွန်ဂါလွတ်တော် အဆောက်အအုံဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပြီး လွှတ်တော်ပြင်ဆင်တဲ့ကာလအတွင်း မည်သည့်နေရာမှာ အမတ်များ အစည်းအဝေး ပြုလုပ်မယ်လို့ မသိရသေးကြောင်း ဒေသခံသတင်းက ပြောပါတယ်။

play


ဆိုင်ကလုန်းဂီတာဟာ ယနေ့မှာ ဖီဂျီနိုင်ငံကို ဦးတည်ရွေ့လျားနေကြောင်း သိရပါတယ်။ ဆိုင်ကလုန်းဂီတာ တိုက်ခတ်ခဲ့တဲ့ တွန်ဂါနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းတည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပြီး ကျွန်းပေါင်း ၁၇၀ ကျော်ဖြင့် ဖွဲ့စည်းထားပါတယ်။ တွန်ဂါဟာ ဖီဂျီနိုင်ငံအရှေ့ဘက်နဲ့ နယူးဇီလန်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD