International News: ကွေးထားသည့် ဖန်သားပြင် ပါဝင်သော Xiaomi Mi Note 2 ကိုမိတ်ဆက်

မျက်နှာပြင်မှာရော ကျောဘက်မှာပါ ဘေးဘောင်အနားကွပ်တွေကို ကွေးထားပါတယ်။

play

 

Xiaomi ကုမ္ပဏီက Mi Note 2 စမတ်ဖုန်းသစ်မိတ်ဆက်ပွဲကို ပေကျင်းမြို့မှာ ယနေ့ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စမတ်ဖုန်းဒီဇိုင်းဟာ အရင်ထွက်ရှိပြီးသား Samsung Galaxy S7 Edge နဲ့ ခပ်ဆင်ဆင် တူနေပါတယ်။

play

 

Mi Note 2 စမတ်ဖုန်းရဲ့ ရှေ့မျက်နှာပြင်နဲ့ ကျောဘက်နှစ်ခုလုံးကို 3D Curve Glass အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် စမတ်ဖုန်းရဲ့အရှေ့ဘက် ကျောဘက် မျက်နှာပြင် နှစ်ခုလုံးရဲ့ ဘေးတစ်ဖက်ဆီ ဘောင်စွန်းတွေ နေရာမှာ အကွေးပုံသဏ္ဌာန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ပုံစံသုံးမျိုးနဲ့ ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး 4GB RAM/ 64GB ၊ 6GB RAM/ 128GB နဲ့ 6GB RAM/ 128GB ဆိုပြီး ရရှိနိုင်မှာဖြစ်ပါတယ်။

play

 

အရောင်နှစ်မျိုး ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး စန္ဒရားလိုမဲပြောင်နေတဲ့ အနက်ရောင်(Piano Black)၊ ငွေရောင်ဆိုပြီး နှစ်မျိုး ရရှိမှာဖြစ်ကာ  ကိုယ်ထည်ကို အလူမီနီယံနဲ့ ထုတ်လုပ်ထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်ဟာ ၅.၇ လက်မ ရှိမှာဖြစ်ပြီး ကျောဘက်မှာ ဆိုနီက  ထုတ်လုပ်တဲ့ 22.56 MP ကင်မရာကို အသုံးပြုထားပါတယ်။ ရှေ့ဘက် ကင်မရာကတော့ 8 MP ပါရှိမှာပါ။

Source : http://gadgets.ndtv.com/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ