International News: Yahoo အကောင့် သန်းတစ်ထောင်ကျော်ရဲ့ အချက်အလက်များ ခိုးယူခံရ

အသုံးပြုသူတွေရဲ့ အချက်အလက်များ ပေါက်ကြားခဲ့ရာမှာ အမည်၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်နဲ့ အီးမေးလ်လိပ်စာများ ပါဝင်ခဲ့ပြီး ဘဏ်နဲ့ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေတော့ ပါဝင်ခဲ့ခြင်း မရှိကြောင်း Yahoo က ဆိုပါတယ်။

play


၂၀၁၃ ခုနှစ်က hack လုပ်ခံရမှုအတွင်း Yahoo အသုံးပြုသူ တစ်ဘီလီယံကျော် (သန်းတစ်ထောင်ကျော်) ရဲ့ အကောင့်များ ပေါက်ကြားခဲ့ကြောင်း Yahoo က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယခု ထုတ်ဖော်ပြောလိုက်ကြားတဲ့ hack လုပ်ခံရမှုဟာ ၂၀၁၄ ခုနှစ်က hack လုပ်ခံပြီး Yahoo အကောင့် သန်း ၅၀၀ ရဲ့ အချက်အလက်များ ပေါက်ကြားခဲ့မှုနဲ့ သီးခြားစီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Yahoo အကောင့် သန်းတစ်ထောင်ကျော် ပေါက်ကြားမှု


၂၀၁၄ ခုနှစ်က အသုံးပြုသူတွေရဲ့ အကောင့်များ ပေါက်ကြားခဲ့မှုကို ယခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ Yahoo က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ hack လုပ်ခံရမှုကြောင့် အသုံးပြုသူတွေရဲ့ အချက်အလက်များ ပေါက်ကြားခဲ့ရာမှာ အမည်၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်နဲ့ အီးမေးလ်လိပ်စာများ ပါဝင်ခဲ့ပြီး ဘဏ်နဲ့ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေတော့ ပါဝင်ခဲ့ခြင်း မရှိကြောင်း Yahoo က ဆိုပါတယ်။

play


ယခုကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်များနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Yahoo က ပြောထားပါတယ်။ Yahoo က ယခု ထုတ်ဖော်ပြောကြားလိုက်တဲ့ hack လုပ်ခံရမှုဟာ ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့ပြီး အသုံးပြုသူ တစ်ဘီလီယံကျော်ရဲ့ အချက်အလက်များ ခိုးယူခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်က Yahoo အကောင့်များ ပေါက်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးရာမှ ၂၀၁၃ ခုနှစ်မှာ hack လုပ်ခံရမှုကို အသစ်ထပ်မံ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း Yahoo က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ Verizon ဆက်သွယ်ရေးလုပ်ငန်းစုက Yahoo ကုမ္ပဏီ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံဖြင့် ဝယ်ယူသွားရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Source & Photo: BBC, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ