International: အိုလံပစ်စက်ဘီးစီးပြိုင်ပွဲ ပန်းတိုင်အနီး ပိုင်ရှင်မဲ့အိတ်ကို ဖောက်ခွဲရှင်းလင်းခဲ့

ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ ကျောပိုးအိတ်ကို ဖောက်ခွဲဖျက်ဆီးတဲ့ ပေါက်ကွဲသံကြောင့် အနီးပတ်ဝန်းကျင်ရှိလူများ ထိတ်လန့်ခဲ့ကြကြောင်း သိရပါတယ်။

play


ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ပထမဆုံးနေ့ (သြဂုတ် ၆ ရက်) မှာ ပိုင်ရှင်မဲ့ ကျောပိုးအိတ်တစ်လုံးကို ကျောပိုးအိတ်တစ်လုံးကို ဗုံးရှင်းလင်းရေးအဖွဲ့က ဖောက်ခွဲရှင်းလင်းခဲ့ပါတယ်။

play


ရီယိုဒီဂျနေယိုမြို့ရှိ အမျိုးသားစက်ဘီးစီးပြိုင်ပွဲ ပန်းဝင်မယ့် နေရာအနီးမှာ ပိုင်ရှင်မဲ့ ကျောပိုးအိတ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ (သြဂုတ် ၅ ရက်) ညနေပိုင်း အိုလံပစ်ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ်ကလည်း အဆိုပါ နေရာအနီးမှာ အခြား ပိုင်ရှင်မဲ့ အိတ်တစ်လုံးကို ရှင်းလင်းခဲ့ရသေးကြောင်း သိရပါတယ်။

play


ပိုင်ရှင်မဲ့ ကျောပိုးအိတ်ဟာ အိမ်ခြေမဲ့ အမျိုးသားတစ်ဦးရဲ့အိတ် ဖြစ်နိုင်ပေမဲ့ လုံခြုံရေး လုပ်ထုံးလုပ်နည်းအရ မင်္သကာဖွယ်ရာ ပိုင်ရှင်မဲ့ ပစ္စည်းတွေကို ရှင်းလင်းပစ်ရန် လိုအပ်ကြောင်း ပြည်သူ့လုံခြုံရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play


ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ ကျောပိုးအိတ်ကို ဖောက်ခွဲဖျက်ဆီးတဲ့ ပေါက်ကွဲသံကြောင့် အနီးပတ်ဝန်းကျင်ရှိလူများ ထိတ်လန့်ခဲ့ကြကြောင်း သိရပါတယ်။

play


Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ