International: ချန်ပီယံလိဂ် မရလျှင် ယာယာတိုယေးကို ဂွါဒီယိုလာ တောင်းပန်ရမည်ဟုဆို

ယာယာတိုယေးကို ဂွါဒီယိုလာက ချန်ပီယံလိဂ် လူစာရင်းက ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းစီနီယာကစားသမား ယာယာတိုယေးကို ချန်ပီယံလိဂ် လူစာရင်းက ချန်လှပ်ထားခဲ့တဲ့အတွက် နည်းပြဂွါဒီယိုလာကို ပြန်လည်တောင်းပန်ဖို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။

တကယ်လို့ မန်စီးတီးအသင်းသာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားမရခဲ့ဘူးဆိုရင် တိုယေးကို ချန်လှပ်ခဲ့တဲ့ အပြုအမူအတွက် ပြန်လည်တောင်းပန်သင့်တယ်လို့ အေးဂျင့်ဖြစ်သူ ဆီလက်ခ်က ပြောပါတယ်။ ဒါပေမယ့် ယာယာတိုယေးမပါတဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလားကို ဒီနှစ်တကယ်ရခဲ့တယ် ဆိုရင်တော့ နည်းပြဂွါဒီယိုလာဟာ အကောင်းဆုံးနည်းပြဖြစ်ကြောင်း သူကိုယ်တိုင် ယုံကြည်မှာ ဖြစ်တယ်လို့ တိုယေးရဲ့ အေးဂျင့်ဖြစ်သူက ပြောခဲ့တာပါ။

play

 

နည်းပြဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ချိန်ကတည်းက ရှုံးပွဲမတွေ့သေးတဲ့ နည်းပြဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့တဲ့ ဂိုးသမား ဂျိုးဟတ်နဲ့ နာဆရီတို့ကို အသင်းကထွက်စေခဲ့တဲ့အပြင် အခုဒုတိယအသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ ယာယာတိုယေးကိုပါ ချန်ပီယံလိဂ် လူစာရင်းက ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ