International: ဖေ့စ်ဘွတ်ပေါ်က လုပ်ကြံသတင်းတွေကို အကြောင်းကြားနိုင်

သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကို အရေးယူဆောင်ရွက်ရန်အတွက် ဖြစ်နိုင်တဲ့ အခြား နည်းလမ်းတွေကိုလည်း ရှာဖွေကြံဆနေကြောင်း ဖေ့စ်ဘွတ်က ပြောကြားထားပါတယ်။

play


အသုံးပြုသူအများဆုံး ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ပေါ်က သတင်းမှားတွေနဲ့ လုပ်ကြံသတင်းတွေ ရေးသားဖြန့်ဝေမှုကို အရေးယူဆောင်ရွက်နိုင်ရန် feature အသစ်ကို စတင်လိုက်ကြောင်း သိရပါတယ်။ ဖေ့စ်ဘွတ်မှာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ တွေ့ရှိပါက ယခု စတင်လိုက်တဲ့ feature အသစ်ကိုသုံးပြီး ဖေ့စ်ဘွတ်ထံ အကြောင်းကြားနိုင်မှာ ဖြစ်ပါတယ်။

လုပ်ကြံသတင်းတွေကို အကြောင်းကြာင်းနိုင်ရန် ဖေ့စ်ဘွတ် ဆောင်ရွက်မှု


ဖေ့စ်ဘွတ်ပေါ်က သတင်းမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကို လွှမ်းမိုးမှုရှိခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ feature အသစ်အရ ပို့စ်တစ်ခုနဲ့ ပတ်သက်ပြီး ကန့်ကွက်အကြောင်းကြားရာမှာ သတင်းမှားဖြစ်ကြောင်း ရွေးချယ်ပေးနိုင်ပြီ ဖြစ်ပါတယ်။

play
သတင်းမှားဖြစ်မှုကို အကြောင်းကြားနိုင်သည့် feature အသစ်


ဒါ့အပြင် ဖေ့စ်ဘွတ်က သတင်းပို့စ်တွေကို အငြင်းပွားစရာအဖြစ် သတ်မှတ်ပေးတဲ့ feature အသစ်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ အငြင်းပွားစရာသတင်းအဖြစ် သတ်မှတ်မှုကို အချက်အလက်စစ်ဆေးတဲ့ တတိယအဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်စစ်ဆေးတဲ့ တတိယအဖွဲ့အစည်းတွေဟာ သက်ဆိုင်တဲ့ စာရင်းသွင်းမှတ်ပုံတင်မှု ပြုလုပ်ထားရပါတယ်။

play
အငြင်းပွားစရာ သတင်းအဖြစ် သတ်မှတ်ထားမှု သတိပေးချက်


လက်ရှိမှာ အချက်အလက် စစ်ဆေးတဲ့မှုမှာ သတင်းဌာနများ အပါအဝင် အဖွဲ့အစည်း ၄၃ ခုက ပါဝင်ထားပါတယ်။ အဆိုပါ အဖွဲ့အစည်းက အငြင်းပွားစရာ သတင်းဖြစ်ကြောင်း သတ်မှတ်ခံရတဲ့ ဖေ့စ်ဘွတ်ပို့စ်အောက်မှာ သတိပေးချက် သင်္ကေတနဲ့ စာသားတို့ ဖော်ပြထားမှာ ဖြစ်ပါတယ်။

play


သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကို အရေးယူဆောင်ရွက်ရန်အတွက် ဖြစ်နိုင်တဲ့ အခြား နည်းလမ်းတွေကိုလည်း ရှာဖွေကြံဆနေကြောင်း ဖေ့စ်ဘွတ်က ပြောကြားထားပါတယ်။
Source & Photo: The Verge, Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ