International: သမ္မတအလုပ်ဟာ မိသားစုလုပ်ငန်း မဟုတ်ကြောင်း အိုဘားမားက ထရန့်ကို ပြောကြား

အိုဘာမားနေရာကို ဆက်ခံမယ့် ထရန့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်ဆိုသွားမှာပါ။

play


အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်မှာ သမ္မတလုပ်တဲ့အခါ မိသားစုလုပ်ငန်းတစ်ခုကို စီမံခန့်ခွဲသလိုမျိုး ကိုင်တွယ်ဆောင်ရွက်ဖို့ မကြိုးစားရန် အကြံပေးခဲ့တယ်လို့ ပြောပါတယ်။ ထရန့်အနေနဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမယ်လို့ အိုဘားမားက ABC News သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမား အင်တာဗျူး


"အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ပြီးရင် ကမ္ဘာပေါ်က အကြီးဆုံး အဖွဲ့အစည်းရဲ့ တာဝန်ရှိသူဖြစ်သွားပြီ" လို့ အိုဘားမားက ဆိုပါတယ်။ ဒါ့အပြင် အိုဘားမားက အုပ်ချုပ်ခြင်းနဲ့ စည်းရုံးလှုံ့ဆော်ခြင်းတို့ကြား ကွဲပြားခြားနားကြောင်းလည်း သတိပေးခဲ့ပါတယ်။

play


ကမ္ဘာတစ်ဝန်းက မြို့တော်တွေ၊ ငွေကြေးဈေးကွက်နဲ့ လူတွေတွေက အမေရိကန်သမ္မတရဲ့ ပြောကြားချက်တွေကို အလေးအနက်ထားကြတယ်လို့ ၎င်းက ဆိုပါတယ်။

play


အိုဘားမားက ABC News နဲ့ အင်တာဗျူးမှာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ပြီး စွက်ဖက်ခြယ်လှယ်ရန် ကြိုးပမ်းခဲ့မှုနဲ့ ပတ်သက်ပြီးလည်း မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ အိုဘားမားက ထိုသို့ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုကို လျှော့တွက်ခဲ့မိကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားနဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာ တွေ့ဆုံမှု


"ဆိုက်ဘာတိုက်ခိုက်မှု ကိစ္စမှာ သက်ရောက်နိုင်မှုကို ကျွန်တော် လျှော့တွက်ခဲ့မိတယ်လို့ ထင်ပါတယ်၊ သတင်းခေတ်မှာ သတင်းမှားတွေလည်း ဖြစ်နိုင်ပြီး ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို သက်ရောက်မှုရှိခဲ့ပါတယ်" လို့ အိုဘာမားက ပြောပါတယ်။

သမ္မတအိုဘာမားနေရာကို ဆက်ခံမယ့် ထရန့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက်သမ္မတအဖြစ် ကျမ်းကျိန်ဆိုသွားမှာ ဖြစ်ပါတယ်။
Source & Photo: ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ