International: အမေရိကန် ဘုရားကျောင်းမှာ လူ ၉ ဦးကို သတ်ဖြတ်သူအား သေဒဏ်ချမှတ်

င်လင်းက ၎င်းရဲ့ လုပ်ရပ်အတွက် နောင်တမရကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

play


အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ဘုရားကျောင်းတစ်ခုမှာ လူမည်း ၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ လူမျိုးကြီးဝါဒီတစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဒိုင်လင်းရုဖ်အမည်ရှိ အမျိုးသားကို အငြိုးထားမုန်းတီးမှု အပါအဝင် အမှု ၃၃ ခုဖြင့် ပြီးခဲ့တဲ့လအတွင်း ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဘုရားကျောင်းမှာ လူ ၉ ဦး သတ်ခဲ့သူကို သေဒဏ်ချမှတ်


၎င်းဟာ တောင်ကာရိုလိုင်းနားပြည်နယ် ဘုရာကျောင်းမှာ သမ္မာကျမ်းစာ လေ့လာသင်ယူနေတဲ့ အဖွဲတစ်ဖွဲ့ကို ၂၀၁၅ ခုနှစ်အတွင်းက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဒိုင်လင်းက ၎င်းရဲ့ လုပ်ရပ်အတွက် နောင်တမရကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

play


"သူတို့ကို သတ်ခဲ့ရလို့ ကျေနပ်ခဲ့တယ်၊ အခုထိလည်း အဲဒီလိုလုပ်ခဲ့တာကို ကျေနပ်နေတုန်းပဲ" လို့ ဒိုင်လင်းက ပြောပါတယ်။ တရားသူကြီးတွေဟာ ၎င်းရဲအမှုကို ဆုံးဖြတ်စီရင်ချက်မချမီ သုံးနာရီကြာ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒိုင်လင်းရဲ့ ၂၀၁၅ ခုနှစ်က လူသတ်မှုဟာ အမေရိကန်မှာ တုန်လှုပ်ခဲ့ကြပြီး လူမျိုးရေးခွဲခြားမှုအပေါ် ဝေဖန်မှုတွေနဲ့ တောင်ကာရိုလိုင်းနား ခွဲထွက်ရေး ဆွေးနွေးမှုတွေ မြင့်တက်ခဲ့ပါတယ်။

play
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်း


ဒိုင်လင်းက ၎င်းဟာ လူမျိုးရေးစစ်ပွဲ စတင်လိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပြီး မုန်းတီးရေးအသွင်ဆောင်တဲ့ တိုက်ပွဲဝင်အလံဖြင့် ဓာတ်ပုံရိုက်ကူးထားခဲ့ပါတယ်။ ဒိုင်လင်းရဲ့ လူသတ်မှုဖြစ်ရပ်ကြောင့် တောင်ကာရိုလိုင်းနား အစိုးရအဆောက်အအုံမှာ နှစ် ၅၀ ကြာ လွှင့်တင်ခဲ့တဲ့ အမေရိကန်အလံကို ဖယ်ရှားမှုဖြစ်စေခဲ့ပါတယ်။

ဒိုင်လင်းကို သေဒဏ်ချမှတ်ကြောင်း တရားရုံးအမိန့်ကို ယနေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ တရားရုံးမှာ ၎င်းကို သေဒဏ်ချမှတ်ကြောင်း အမိန့်ဖတ်ကြားပြီးနောက် ဒိုင်လင်းက ရှေ့နေအသစ်များဖြင့် ၎င်းရဲ့အမှုကို ပြန်လည် စစ်ဆေးရန် တောင်းဆိုခဲ့ပါတယ်။

တောင်ကာရိုလိုင်းနားမှာ မွေးဖွားခဲ့တဲ့ ဒိုင်လင်းဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်က ချာလက်စတန် ဘုရားကျောင်းမှာ သမ္မာကျမ်းစာသင်နေတဲ့ လူမည်း ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဒိုင်လင်းကို ပစ်ခတ်မှုကျူးလွန်ခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၁၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့နိုင်ခဲ့ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ